ကိုယ်ချစ်တဲ့...သူ ( 20)

9.6K 347 2
                                    

ကိုယ့်ကို အပြင်အလည်သွားမလားလို့ သူကမေးပေမဲ့....ကိုယ်တို့နှစ်ယောက်လုံး အိမ်မှာပဲနာချင်တာကြောင့်...
ကိုယ်ကရုပ်ရှင်တွေကြည့် သူက ကိုယ့်ပေါင်ပေါ် ခေါင်းလေးအုံး အိပ်ပြီး စကားပြောလိုက် ရုပ်ရှင်ကြည့်လိုက်နဲ့...

နေ့လည်လောက်ကျတော့ ဒေါ်ညွန့် ဆေးရုံကဆင်လာတယ်...နားဖို့လိုအပ်သေးတယ်ဆိုပေမဲ့ အိမ်ကိုစိတ်မချတာကြောင့် ဆင်းလာတဲ့အကြောင်းနဲ့....
သူ Family doctor. အမြဲ့လွှတ်ပေးဖို့ စီစဥ်ထားကြောင်းတွေ ပြောရင်း....

ခနနေတော့ သူ့အလုပ်ကိစ္စတွေကြောင့် ထွက်သွားလေရဲ့...

အဲဒီနေ့ကစပြီး ကိုယ့်ကို ဆွဲဆောင်ပါမယ်ဆိုတဲ့ သူက လုံးဝ ပေါ်မလာခဲ့တော့ပါဘူး...

သူ့အကျင့်အတိုင်း....

Instagram ကနေတော့ ဘယ်ရောက်နေကြောင်း ဘာလုပ်နေကြောင်းတွေ မပျက်မကွက် ပို့ပေးခဲ့တယ်........
ဒီရက်ပိုင်းတွေ ကိုယ်ဟာလဲ သူ့ကိုရွေးချယ်ရမလား....ထွက်သွားရမလားဆိုတဲ့ ဒွိဟတွေကိုအဖြေရှာရင်းပေါ့......
၄ရက်မြောက်နေ့မှာ သူ့ဆီက Instagram ကနေ အမြဲအသိပေးတဲ့ စာလေးတွေပါ လုံးဝရောက်မလာခဲ့တော့ပါဘူး....

ဖုန်းဆက်လဲ မကိုင်......

စာလဲမပြန်နဲ့.......

စိတ်ပူတာရော....လွမ်းမိတာရော စုံလို့ပါပဲ.....

ဝေးနေတော့မှ တကယ်ကို ရင်ထဲဟာတာတာနဲ့.....

ကိုယ့်ကို အဆက်မပြတ်စာတွေပို့နေတဲ့ ကိုကြီးကိုတောင် စိတ်တိုလာမိတယ်...
SMS ဝင်သံကြားတိုင်း..သူ့ဆီကလားလို့ ပြေးကြည့်ရတာအမော...
တကယ်တမ်း ကိုကြီးဆီက ဖြစ်နေတဲအခါ စိတ်အတိုကြီးးတိုရတာမျိူး...

စာတွေမဝင်တော့ အဆက်သွယ်တွေမရတော့တာ တစ်ပတ်လောက်အကြာမှာ သိသိသာသာကို ရင်ထဲဟာတာတာနဲ့ လွမ်းလာမိတယ်.....

ညနေတိုင်း ခြံထဲမှာ ငူငူငိုင်ငိုင်နဲ့....သူလာလေမလား မျှော်မိတယ်....

" မမလေး...ထမင်းစားလို့ရပါပြီ ထွေးညိုပြင်လိုက်ရတော့မလား "

ခြံထဲမှာ ထိုင်နေတဲ့ကိုယ့်ကို ညစာ စားဖို့ လာခေါ်နေတဲ့ ထွေးညို...
ဒီရက်တွေမှာ ကိုယ်စားချိန်မမှန် မဖြစ်အောင်အမြဲလိုလိုဂရုစိုက်ပေးရှာသူ....

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now