ကိုယ်ချစ်တဲ့...သူ ၂၂

8.9K 326 0
                                    

၃ လအတွင်း မင်္ဂလာပွဲ စီစဥ်ရတာ ထင်သလောက်လွယ်မယ် မထင်....

တခုတော်သေးတာ Winner Group က မို့ ဟိုတယ် booking က အခက်ခဲမရှိတာထင်ပါရဲ့..
ဒီပွဲအတွက် အဓိက ပင်ပန်းသူဟာ သူ့မေမေရယ်ပေါ့....
ကိုယ့်မယ် ကျောင်းတွေတက်လိုက် ကျူရှင်ပြေးလိုက်နဲ့ မို့ ပိတ်ရက်တွေတောင် နားရတယ်မရှိ...

သူကိုယ်တိုင်လဲ ပုံမှန်တောင်အလုပ်များသူမဟုတ်လား..
တခါတရံ ဖုန်းတောင် မဆက်ဖြစ်တဲ့အထိ ဆက်တိုက်ဆိုသလ်ို ပျောက်နေတက်တယ်လေ..

မင်္ဂလာပွဲ စီစဥ်နေတဲ့အထိ သူဟာ သူ့သမီးလေးအကြောင်းစကားတောင်မဟခဲ့...

ဘယ်အချိန်ဖွင့်ပြောလာမလဲ.....

ကိုယ်ကတော့ စောင့်နေခဲ့တာမို့ စိတ်တော့တိုမိတယ်

ဘယ်အချိန်ထိ ညာထားဖို့တွေးသလဲကွယ်...

ဒီရက်ပိုင်းတွေ အတွင်း ကိုယ်ကျောင်းပြန်တက်မှန်း ဘယ်က ဘယ်လို သတင်းရလဲမသိ..ကိုကြီးဟာ ကိုယ့် အဆောင်ရှေ့ နေတိုင်းလိုလို ရောက်လာတက်တယ်...

တခြား စိတ်မရှိတောင်... မိတ်ဆွေ လို ဖြစ်ဖြစ် အခင်မင်မပျက်ဖို့တောင်းပန်ရှာတယ်...

ကိုယ်တိုင် စိတ်ပြတ်သားပြီးသားမို့ အရင်လိုအခြေနေ ပြန်မဖြစ်နိုင်တော့တဲ့ အကြောင်း တော့ ပြောဖြစ်ခဲ့တယ်..

ငယ်ငယ်ထဲက အတူကြီးပြင်းလာခဲ့တာမို့ အကိုတယောက်လို သံယောဇဥ်တော့ ရှိနေသေးတာ မညာချင်ပါဘူး...

ခနခနမဟုတ်ပေမဲ့ အနည်းငယ် စကားလက်ခံပြောဖြစ်လာတယ်...
ကိုယ်စေ့စပ်ထားတာလဲ ကိုကြီး
သိနေတာပဲလေ...

daddy သိက္ခာ ရှိနေတာမို့ တွဲသွားတွဲလာ ကိစ္စမျိူး ကိုတကယ်ရှောင်ခဲ့ပါတယ်...

daddy ဟာ ကိုယ့်အတွက် တကယ် ေကာင်းမွန်တဲ့ အဖော်မွန်ပါ...မအားတဲ့ကြားကရအောင်ဆက်သွယ်တက်သူ

တစ်ရက်တော့ ကိုယ်ကျောင်းဆင်းချိန် သူ ကိုယ်တိုင် လာကြိုခဲ့တယ်...

" ကလေးမလေး အတန်းပြီးရင် ဆင်းခဲ့နော် အဆောင်ရှေ့မှာ ကလေးကို လာကြိုဖို့ ကိုယ်ရောက်နေပြီ "

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now