ကိုယ်ချစ်တဲ့....သူ ( 14)

9.6K 571 40
                                    

နေရောင်ခြည် ခပ်နွေးနွေးရဲ့ အထိအတွေ့ကြောင့် ကိုယ့်မျက်လုံးတွေ အလိုလိုပွင့်လာခဲ့တယ်.......
မျက်လုံးပွင့်ပွင့်ခြင်း သတိထားမိတာ..
ဒါ.....
သူ့အခန်းလား......
အို ဘုရားရေ. ကိုယ်အချိန်အတော်ကြာ သူ့ရင်ခွင်ထဲ ရင်ခုန်ပြီး ....ခပ်တင်းတင်းဖက်ထားတဲ့ လက်တွေပြေလျော့သွားတဲ့အခါ...
ကို့အခန်းပြန်မယ်လို့ စဥ်းစားထားပေမဲ့.......
သူ့ရင်ခွင်နွေးနွေးထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်တဲ့လား...

ဘေးကို ကြည့်တော့ သူမရှိတော့....
ဘယ်အချိန်က ထ သွားတာပါလိမ့်....
ဘယ်လိုတောင် နှစ်နှစ်ခြိုက်ခြိုက် နဲ့ အိပ်ပျော်နေမိတာလဲ...
ကုတင်ပေါ်က အမြန်ဆင်းကာ ကို့အခန်းသို့ ပြန်မယ်အလုပ်....
ရေချိူးခန်းထဲက ထွက်လာတဲ့ သူနဲ့ တန်းအတိုး....

" ကလေးမလေး နိုးနေပြီလား..."

" ဟုတ်...ဟို....baby ရေသွားချိူးတော့မယ် "

အယောင်ယောင်အမှားမှားနဲ့.....သူ့မျက်နှာကို..မော့ပင်မကြည့်ရဲ့....
သူ့ဘေးက ဖြတ်သွားတဲ့ ကို့လက်ကို ဆွဲကာ.... ဘေး နံရံကို ကိုယ့်ကို ဆွဲကပ်လိုက်တာကြောင့် မော့အကြည့်.......

ရေချိူးပြီးကာစလို့ သိသာစေတဲ့....သူ့ဆံပင်အချိူ့မှာ ကယ်တွယ်နေတဲ့ ရေသီးအချိူ့ရယ်....
ပကတိ ကြည်လင်နေတဲ့....မျက်နှာရယ်...
ကိုယ်ခဏ သတိလက်လွတ်ငေးမောနေမိရဲ့.....

" ဘယ်လိုလဲ ကြည့်ကောင်းနေသေးရဲ့လား "

" အာ..... Daddy နောျ.."

ရှက်စိတ်ကြောင့် ရဲခနဲဖြစ်သွားတဲ့ ပါးပြင်ပေါ်သူ့ရဲ့ခပ်အေးအေးအထိအတွေ့နဲ့ အနမ်းတွေခြွေချနေခဲ့ပေမဲ့....အရင်လိုနွေးထွေးနေတုန်းပါပဲ...

"ကလေး ပြင်စရာရှိတာပြင်တော့ ကိုယ်ဒီနေ့အားတယ် ကလေးကို ဒေါ်ညွန့်ဆီ ပို့ပေးမယ် "

"ဟုတ် "

ကိုယ်သူ့ရှေ့က ထွက်လာခဲ့ပေမဲ့....ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေဆဲပါပဲ...

ရေမိုးချိူး ပြင်ဆင်ပြီးတော့.

ဧည့်ခန်းထဲ Laptop တစ်လုံးနဲ့ အလုပ်တွေလုပ်ရင်း. .ကိုယ့်ကိုစောင့်နေပုံရရဲ့..

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now