ကိုယ်ချစ်တဲ့.....သူ.........1

46.4K 690 9
                                    

သူ့မျက်ဝန်းတွေကိုသေချာမကြည့်မိစေနဲ့ သူ့မျက်ဝန်းတွေဟာ အမိန့်ပေးတက်တယ်....သူ့မျက်ဝန်းတွေကိုစိုက်ကြည့်မိရင် သူပြောသမျှအလိုလိုခေါင်းငြိမ့်မိတက်တယ်....
သူ....ကိုယ့်အတွက်သူဆိုတာ...အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ...
အသားခက်လတ်လတ် ရှည်လျားတဲ့အရပ်ရယ် ခပ်ပြည့်ပြည့်နဲ့ကျစ်လစ်တဲ့ bodyရယ်ကြောင့် ဒေါင်ကောင်းကောင်း ခပ်တောင့်တောင့် ပုံပေါက်နေတက်တယ်.. နှုတ်ခမ်းခပ်ပါးပါးနဲ့လေးထောင့်ဆန်ဆန်အချိူး​ကြောင့်ယောက်ျားပီသတဲ့အပြုံးတွေ တချက်ချက်ဖြတ်ပြေးတက်တယ်...ပြေပြေပြစ်ပြစ်မရှိလှတဲ့နှာတံနဲ့ သပ်သပ်ရပ်ရပ်ဖီးတင်ထားတက်တဲ့ဆံပင်...သူဟာ.မျက်နှာတခုလုံးခြုံကြည့်တဲ့အခါ ချောမောတဲ့မျက်နှာပိုင်ရှင်တော့ မဟုတ်ဘူးရယ်...
ဒါပေမဲ့လဲ သူ့အရပ်အမောင်း အသားရည်မဖြူမညိုနဲ့ ကြည်ကြည်လင်ရှိတာလေးရယ်ပေါင်းစပ်တဲ့အခါ သူမျက်နှာဟာ ရုပ်ချောသယောင်လှည့်စားတက်တယ်....အကြည့်ခံတဲ့မျက်နှာမျိူး ...
သူ့ရဲ့ထူးခြားချက်ကတော့ မျက်လုံး....အကြည်ဓာတ်အပြည့်နဲ့ညှို့မျက်ဝန်းတွေပိုင်ဆိုင်ထားတဲ့သူ့ကို နှစ်ခါပြန်မကြည့်မိတဲ့သူ ခပ်ရှားရှားရယ်..သူ့အကြည့်တွေဟာကို့အတွက်အမြဲထူးခြားတယ် ...အမိန့်ဆန်ဆန်အကြည့်မျိူး..တခါတလေ နှုတ်ခမ်းကပြုံးနေပေမဲ့ မျက်လုံးတွေကအမိန့်ပေးနေသယောင်အမြဲထူးခြားနေတက်သလို......သူ့စကားတိုင်းငြင်းပါယ်နိုင်တဲ့သူဟာ ခပ်ရှားရှား..ဒါကြောင့်လဲ လုပ်သမျှအောင်မြင်နေတာပဲမဟုတ်လား.....
သူ့နာမည်က...အောင်​​မြင်သော် တဲ့
"အောင်မြင်မှု့တွေ ရရှိစေသော် လို့ ရည်ရွယ်ပြီးကို့မိဘတွေကပေးခဲ့ပုံပဲကွ"လို့အောင်မြင်မှု့တခုရတိုင်းပြောတက်သူပေါ့
Winner Groupရဲ့ဥက္ကဋ္ဌ...ဆုတောင်းကောင်းခဲ့တဲ့သူ့ကို အသက်၃၇နှစ်ရှိပြီလို့ပြောရင် ဘယ်သူကမှမယုံနိုင်လောက်အောင် ထက်မြက်တယ် သွက်လတ်တယ်...တည်ကြည်ပြီး အပြုံးအရယ်နည်းတယ် ပြတ်သားတယ်....
ဘယ်သူကထင်မှာလဲနော် ဒီလိုလူဆီမှာ ကြင်နာတက်တဲ့နှလုံးသားတစ်စုံနဲ့နွေးထွေးတဲ့အပြူအမူလေးတွေ.. ရှိနေခဲ့မယ်ဆိုတာ.......
သူနဲ့ကိုယ်ရဲ့တွေ့ဆုံပုံက တကယ်ကိုမှသာမန်လိုပါပဲ...သိပ်ထူးထူးဆန်းဆန်းမရှိပါဘူး...ပြောရရင် သူက ကိုယ့်ကိုတောင်သိခဲ့တာမဟုတ်ဘူး.. သူရဲ့များပြားလှတဲ့ ဝန်ထမ်းတွေထဲကတစ်ယောက်ဖြစ်ခဲ့ယုံပါပဲ...
ကိုယ်နာမည်က...ဘေဘီအောင်မြင်သော်
သူနဲ့နာမည်တူလို့....အံသြမသွားနဲ့အုန်း ကို့ဖေဖေရဲ့ ဇွတ်သူလုပ်ချင်ရာလုပ်တက်တဲ့အကျင့်ကြောင့် ပေါ့....
ဖေဖေနာမည်က ဦးအောင်မြင့် မေမေနာမည်က မြင့်မြင့်​သော်တဲ့ ချစ်တက်တဲ့ဖေဖေဟာ ရည်းစားဘဝထဲက သားသမီး တွေမှာ သူတို့နာမည်ထည့်ပေးမယ်လို့မေမေကိုပြောလေးရှိသူပေါ့
ကိုယ့်ကိုမွေးတော့ သားဦးအရူးဆိုတဲ့အတိုင်းဖေဖေဟာ ရူးရူးမူးမူးချစ်ခဲ့တာ...ဘေဘီလေးလို့အမြဲခေါ်တက်ပြီး နာမည်ပေးတော့ သူ့နာမည်အောင်မြင့်နဲ့ မေမေ့နာမည်သော်ကို ယူပြီး
"ဘေဘီအောင်မြင့်သော်"လို့ပေးရာကနေ ဘေဘီလေးအောင်မြင်မှု့တွေရစေသော် ဆိုပြီး "ဘေဘီအောင်မြင်သော် "ဖြစ်သွားတော့တာပါပဲတဲ့ ညီမလေးမွေးတော့ "ဟေသီအောင်မြင်သော်"တဲ့...တိုက်ဆိုင်ပုံက နာမည်တင်မဟုတ်ပဲ မိဘတွေရဲ့တွေးခေါ်ပုံအထိပဲမို့ သူက ကိုယ့်ဘဝထဲတိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့တာ အံ့သြဖွယ်မရှိအောင်ပါပဲလေ......
ကိုယ်ဆယ်တန်းနှစ်မှာပဲ car accident တခုနဲ့ ကားထဲမှာပါသွားတဲ့ဖေဖေရောမေမေရော ညီမလေးရော နေရာတင်ဆုံးသွားတယ်....
သောကတွေကြားထဲက ဆယ်တန်းပြီးအောင်ဖြေခဲ့တယ်...ဂုဏ်ထူးတွေ ထူးကဲပါမလာတဲ့အပေါ် သိပ်မျှော်လင့်တာမျိူးလဲမရှိခဲ့ပါဘူး....ကျောင်းတက်နောက်ကျတဲ့ကိုယ်ဟာ ဆယ်တန်းအောင်တော့ ၁၅နှစ်ပေါ့...ဘာမှနားမလည်သေးတဲ့အရွယ်မို့ မိဘတွေကျန်ခဲ့တဲ့ ပစ္စည်းတွေအကြောင်းလဲ ကိုယ်ဘာမှမသိခဲ့ပါဘူး....ဖေဖေရှိစဥ်က ချမ်းချမ်းသာသာနေခဲ့ရပေမဲ့ ကိုယ်တယောက်ထဲကျန်ခဲ့တဲ့နောက် အရာရာပြောင်းလဲသွားခဲ့တယ်
"ဘေဘီလေးက သိပ်ငယ်သေးတော့ ကျမတို့စောင့်ရှောက်ပါမယ်"ဆိုတဲ့ခေါင်းစဥ်အောက်ကနေ...ဖေဖေညီမတစ်ဝမ်းကွဲ မိသားစုက ကိုယ်တို့အိမ်ပေါ်ရောက်လာခဲ့တယ်....
"ဘေဘီဖေဖေက ဒီအိမ်ကို သူမဆုံးခင်ပေါင်ခဲ့တာ တီတီက ပြန်ရွေးပေးထားတာ" ဆိုတဲ့အပြောနဲ့တင် ကိုယ်တို့မိသားစု သိုက်သိုက်ဝန်းဝန်းရှိခဲ့တဲ့ အိမ်ကြီးဟာ သူများအပိုင်ဖြစ်သွားခဲ့တယ်.....
ဒီအထိ အရာရာဟာ အဆင်ပြေနေပါသေးတယ် ကိုယ် တက္ကသိုလ် တတိယနှစ်ဖြေအပြီးမှာ သိသိသာသာငြိုငြင်လာတဲ့ ကို့အဒေါ်.....အမြဲမူးရူးပြီး ကျားချောင်းသလိုချောင်းနေခဲ့တဲ့အဒေါ်​ယောက်ျား တို့ကြောင့် အနေကြပ်လာခဲ့တာ....
ဒီအိမ်ကထွက်သွားဖို့အမြဲ စဥ်းစားနေခဲ့တဲ့ကိုယ်...အိမ်တွေ ပိုင်ဆိုင်မှု့ဆိုတာတွေလဲမမက်ပါဘူး ဒီနေရာကထွက်သွားနိုင်ရင်တော်ပါပြီ...
ဒီလိုစိတ်ကူးတွေဟာ အလုပ်ကြေငြာစာတခုမှာအသက်ဝင်လာခဲ့တယ်
ပညာအရည်အချင်းမလို....အတွေ့အကြုံရှိရန်မလို...ဆိုတဲ့ခေါင်းစဥ်အောက်က အလုပ်ခေါ်စာမှာ ကိုယ့်ရဲ့လွတ်မြောက်နိုင်မဲ့လမ်းစတွေ ပေါ်လာခဲ့တယ်..ကျောင်းဆက်တက်နိုင်ခြင်းမတက်နိုင်ခြင်းထက်... သူတို့လက်ထဲကလွတ်မြောက်ဖို့သာအဓိက လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံနဲ့...
"သမီး..ကျောင်းပိတ်ရက်မှ အိမ်စာရိတ်တဖက်တလမ်းကထောက်ပံ့ချင်လို့အလုပ်လျှောက်ပါရစေတီတီ" ဆိုတဲ့မုသားစကားနဲ့ အသာတကြည့်ထွက်ခွာခွင့်ရခဲ့တယ်
နယ်ဟိုတယ်ခွဲတစ်ခုအတွက် Urgent လူလိုနေတဲ့ အလုပ်ခွင်ကလဲ ကိုယ့်ကိုနွေးထွေးစွာစောင့်ကြိုနေခဲ့တယ်လေ.....တလ On job training အတွင်း နေစားငြိမ်းနဲ့ လစာ တစ်ဝက်ခံစားခွင့်ရရှိခဲ့တာကိုလဲ သိပ်ကျေးဇူးတင်မိတယ်..
Hotel Reception မှာ Receptionist တာဝန်ကို ကိုယ်ကြိုးစားပမ်းစားထမ်းဆောင်မှာပါလို့လဲ အမြဲလိုလိုတွေးထားခဲ့တယ်...
အလုပ်အင်တာဗျူးဖြေတော့ Interviewerတွေ ကို့နာမည်ဖတ်ပြီး...ရယ်ကျဲကျဲနဲ့
"တို့ဥက္ကဋ္ဌ နဲ့ တခုခုတော်တာတော့မဟုတ်လောက်ပါဘူးနော်" တဲ့
"မတော်ပါဘူးဆရာ ဘာဖြစ်လို့လဲရှင့်" လို့မေးမိတော့
"ဒီမှာ အင်တာဗျူးလာဖြေထဲက ဒီအလုပ်နဲ့ပတ်သတ်သမျှ တွေ မလေ့လာထားဘူးလား"
"တခါထဲ အင်တာဗျူးခေါ်လိမ့်မယ်ထင်မထားလို့ မလေ့လာထားပါဘူး"
"ဟုတ်ပါပြီ ကိုယ်တို့ဘက်က Urgent လိုအပ်နေတာ..မင်းကသွက်သွက်လက်လက်ကလေးပါပဲ မင်းရဲ့ profile အရ ကိုယ်တို့သဘောကျပါတယ် သဘက်ခါကစပြီး On Job Training တန်းဝင်နိုင်မလား "
"ဟုတ်ကဲ့ ဝင်နိုင်ပါတယ်ရှင့်..."
"ကျောင်းကမပြီးသေးဘူးနော် တစ်နှစ်လိုသေးတယ်ဆိုတော့ ကျောင်းပြန်ဖွင့်ရင် မင်းဘာဆက်လုပ်မလဲ နယ် ဟိုတယ်ကိုသွားရမှာ မင်းရေရှည်လုပ်ဖို့အစီစဥ်ရှိရဲ့လား.."
"ညီမ အခြေနေအရကျောင်းဆက်မတက်နိုင်တော့ပါဘူးရှင့် ညီမရေရှည်လုပ်မှာပါ "
"ဟုတ်ပြီ ဘွဲ့ရခါနီးဆိုတော့ နှမြောဖို့တော့ကောင်းသား...မင်းကျောင်းပြန်တက်နိုင်ဖို့တွေ ခံစားခွင့်တွေ နောက်တော့ဆွေးနွေးကြတာပေါ့..ကိုယ်တို့ဆီမှာ အရည်ချင်းရှိတဲ့ မင်းတို့လို ကလေးတွေကို ရေရှည်မှာမွေးထုတ်သွားဖို့ အစီစဥ်တွေ အထောက်ပံတွေရှိထားပြီးသားပါ..ok သဘက်ခါ မင်းအလုပ်စဆင်းနိုင်ပြီ ရှေ့ကောင်တာမှာ လိုအပ်တာတွေ တခါထဲ လုပ်သွားလိုက်"
"ဟုတ်ကဲ့.."
"Awwပြီးတော့ မင်းကို ကိုယ်တို့companyမှာရွေးချယ်လိုက်ပြီဆိုတော့..မင်းအနည်းဆုံး ဥက္ကဋ္ဌ နာမည်လောက်တော့ သိအောင်လုပ်ထားပေါ့ကွာ ဥက္ကဋ္ဌ နာမည်က ဦးအောင်မြင်သော် တဲ့"
"ဟင်..."
"ကဲ..မင်းသွားနိုင်ပြီ"
"ဟုတ်ကဲ့ ကျေးဇူးပါရှင့်"
တိုက်ဆိုင်မှု့တွေက ဒီလိုကနေပဲ စတင်ခဲ့တာပေါ့...training ကာလမှာလဲ ကိုယ့်နာမည်ပျောက်လို့ ဥက္ကဋ္ဌသမီး ဆိုတဲ့ Nicknameလေးရခဲ့တယ်...
တစ်ယောက်ကို တစ်ယောက်ရိုင်းပင်းကူညီကြရင်း....သင်တန်းကာလ တစ်လ ပြီးဆုံးသွားခဲ့တယ် ကိုယ်နဲ့တိုက်တိုက်ဆိုင်ဆိုင်နာမည်တူနေတဲ့ ဥက္ကဋ္ဌဟာ ဘယ်လိုလူလဲ သိချင်လို့ Googleခေါက်ရှာကြည့်ပေမဲ့ company profileအပြင် သူ့နာမည်ကလွဲရင်ဘာမှရှာမတွေ့ခဲ့ပါဘူး.....
အလုပ်တွေအမြဲရှုပ်နေတဲ့သူမို့...ဝန်ထမ်းတွေဟာ သူ့ကိုတွေ့ဖူးသူခပ်ရှားရှားရယ်ပါပဲ...
Training တစ်လပြီးတဲ့အခါ...ကိုယ်တာဝန်ထမ်းဆောင်မဲ့ ဟိုတယ်တွေဆီ ကိုယ်သွားရတော့ နှုတ်ဆက်ပွဲမှာ ကိုယ်သံယောဇဥ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ မျက်ရည်ကျမိသေးရဲ့....
ဒီလိုပါပဲ လောကကြီးက တွေ့ကြုံဆုံကွဲပဲမဟုတ်လား.....
"ကိုယ်ရောက်နေပြီ" ဆိုတဲ့ Messageလေးရောက်လာတော့...အိမ်ပြန်ဖို့အသီးသီးပြင်ဆင် Taxiခေါ်သူခေါ်လုပ်နေတဲ့ သူငယ်ချင်းတွေကို
"ငါ..သွားတော့မယ် အိမ်ကလာကြိုနေပြီ တာ့တာ"
"ဟဲ့ ဥက္ကဋ္ဌသမီး အဆက်သွယ်တွေမဖြတ်လိုက်နဲ့  တာဝန်ကျတဲ့နယ်မတူကြတော့လို့ မဆုံဖြစ်ကြရင်တောင် ငါတို့ကအမြဲလုပ်ဖော်ကိုင်ဘက်ထက်ပိုတဲ့ သူငယ်ချင်းပဲနော်" ဆိုပြီး...အသည်းနုသူ ဇင်ဇင်က သတိတရပြောရှာတယ်...
ကိုယ်အားလုံးကိုနှုတ်ဆက်ရင်း...ကိုယ်တို့ပွဲလုပ်နေတဲ့ သင်တန်းကျောင်း က ခန်းမထဲက ထွက်လာခဲ့တယ်....
အောက်ရောက်တော့ ကားပေါ်ကနေ လက်လှမ်းပြနေတဲ့...သူ့ကိုပြုံးပြရင်း သူ့ကားပေါ်လျှောက်လာမိတယ်
သူ...ဆိုတာ ကိုယ့်ရဲ့ရည်းစားပြောရမလား ငယ်ရည်းစားပြောရမလားပဲ....
ကိုယ် ၅တန်းနှစ်မှာ ဘေးအိမ်ကိုပြောင်းလာတဲ့သူနဲ့ ရင်းနှီးခဲ့တယ်....သူ့နာမည်က နိုင်သူစိုး ကိုယ့်ထက် ၂နှစ်ကြီးတယ် ငယ်ငယ်က နှစ်အိမ်တအိမ်ဝင်ထွက်ခဲ့သလိုကျောင်းမှာလဲ ကိုယ့်ကို အကိုကြီးတစ်ယောက်လိုအမြဲစောင့်ရှောက်ပေးခဲ့သူပေါ့....မိဘချမ်းသာပြီး တစ်ဦးတည်းသောသားအဖြစ်အလိုလိုက်ခံရတဲ့သူက အရာရာအလေးနက်မထားပဲ တစ်ကိုယ်ကောင်းဆန်တက်ပေမဲ့ ကို့အပေါ် အနစ်နာခံရှာပါတယ်...ကိုယ် ၉တန်းနှစ်မှာ သူရည်းစာစားပေးတယ် ကိုယ်လဲသူ့ကိုသဘောကျတယ် သူက stateကျောင်းတုန်းကကျောင်းမှာနာမည်ကြီးသူရယ်ပေါ့ ကိုယ့်ကိုရည်းစားစာပေးတော့သူက တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေပြီလေ....ဒီလိုနဲ့ ကိုယ်တို့တွဲဖြစ်လာကြတာ အခုထိဆိုပါတော့.....
ကိုယ်တို့သွားတဲ့ပုံစံက သမီးရည်းစားထက် ငယ်ပေါင်းသူငယ်ချင်း အိမ်နီးချင်းပုံစံမျိူးပိုဖြစ်တယ်လေ.......
ကလေးဘဝကအဖြေပေးလိုက်တယ် ဘယ်လိုစိတ်မျိူးနဲ့သဘောကျခဲ့လဲ ကိုယ်မသိဘူး..ကိုယ့်မိဘတွေဆုံးတော့ ကိုယ့်အပေါ်အများဆုံးအင်အားပေးခဲ့တဲ့သူ့အပေါ် အခုချိန်မှာသံယောဇဥ်ရှိတယ်...သူ့ရဲ့အားပေးမှု့ သူ့မိဘရဲ့ကူညီစောင့်ရှောက်မှု့ ကိုယ်အများကြီးရခဲ့သူ.....ကိုယ်တက္ကသိုလ်တက်တော့ သူ့မိဘတွေနိုင်ငံခြားထွက်သွားကြတယ် သူကတော့ ဒီမှာကျန်နေခဲ့တယ် ဒါပေမဲ့ အိမ်တော့ရောင်းပြီးပြောင်းသွားတယ်.....အဲ့ဒီအချိန်ကစပြီး အမြဲလိုလို ဖုန်းအဆက်သွယ်ရှိနေသေးပေမဲ့ အရင်လိုသူနဲ့ကိုယ် သိပ်မတွေ့ဖြစ်ကြတော့ဘူး.....
သူကကျောင်းမှာ  စော်ကြည်တဲ့အကြောင်းတွေလဲ ကြားပါရဲ့ ဂုဏ်ထူးတသီကြီးနဲ့အောင်ခဲ့တာမို့ GTC တက်တဲ့သူနဲ့....အောင်ယုံကလေး ကပ်အောင်ခဲ့လို့ Dagon မှာ chemistry မေဂျာသာမှီခဲ့တဲ့ ကိုယ်တို့ ကျောင်းခြင်းလဲမနီးတော့ သိပ်မတွေ့ဖြစ်ပါဘူး...တခါတရံသူကျောင်းလာလည်တက်ပေမဲ့...ကိုယ်နဲ့ဝေးဝေးသွားတယ် သူရည်းစားထပ်ရသလို သတင်းသဲ့သဲ့တွေကြားပေမဲ့လဲ မမေးခဲ့ဘူး......မေးလိုက်ရင် ကိုယ်သူ့ကိုဆုံးရှုံးလေမလားဆိုတဲ့စိတ်နဲ့...မျိူသိမ့်ရင်း သူနဲ့ကိုယ် အက်ကြောင်းတွေရှိလာပုံပါပဲ.....ဒီနှစ်တွေမှာ ကိုယ်နယ်သွားမဲ့ကိစ္စအပေါ်.. ကို့ဦးလေးကြောင့် မတားသာခဲ့ပေမဲ့ ခနခနဆိုသလို သဘောထားကွဲလွဲလာတယ်....
"ကိုကြီး..ရောက်နေတာကြာပြီလား"
"နည်းနည်းပါ ဘေဘီ မနက်ဖြန် ကလောသွားပြီမဟုတ်လား...ကားလတ်မှတ်ဘယ်အချိန်ဖြတ်ထားလဲ"
"၉နာရီကားbookingလုပ်ထားတယ် ၈ခွဲအရောက်သွားရမယ် ဘေဘီ စမ်းချောင်းက မာလာရှမ်းကော သွားစားချင်တယ် ကိုကြီး "
တကယ်တော့ ကိုယ်ဗိုက်မဆာပါဘူး...ကိုကြီးနဲ့ နည်းနည်းအချိန်ဖြုန်းချင်သေးတာရယ် စိတ်မကြည်တဲ့သူ့ကို ဒီတိုင်မထားခဲ့ချင်တာကြောင့် စကားပြောချင်လို့ရယ် ၆နာရီထိုးခါနီးဆိုတော့ အချိန်လဲရသေးတာပဲလေ
"ကိုယ် နဲနဲ ပြိုင်းနေလို့ နားချင်ပြီ မဖြစ်မနေစားချင်ရင်တော့ လိုက်ပို့ပါမယ်"
"ရပါတယ် ဘေဘီမဆာဘူး ကိုကြီးနဲ့ခနအချိန်ဖြုန်းချင်လို့...ပင်ပန်းနေပြီဆိုရင် ပြန်ကြမယ်လေ"
သူကတော့ ခွဲခွာခြင်းတွေနဲ့ အသားကျနေပုံရပါတယ်.. ကိုယ်ကသာ........

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now