Part (12)

122 11 15
                                    

ညဦးယံ အိပ်ပျော်နေတုန်း ညည်းညူသံသဲ့သဲ့ကြားတာမို့
ခေါင်းထောင်သွားမိလေသည်။ စာကြည့်မီးအိမ်ကိုဖွင့်ပြီး
နာရီကို ကြည့်လိုက်တော့ ည၁နာရီတောင်ရှိပြီးမို့ ခုတင်ပေါ်က
အမြန်ဆင်းကာ တစ်ဖက်ခန်းကို ၀င်ကြည့်လိုက်တော့။
ဟုတ်တာပေါ့ ကိုကိုဖျားပြီဘဲလေ...

အပြန်လမ်းမှာ မျက်နှာနွမ်းနေတာမို့ ပျော်စေချင်ယုံစနောက်
မိတာက ကိုကို့ ကိုနေမကောင်းဖြစ်သွားစေတာတဲ့လား။
မရည်ရွယ်ပါဘူးနော်။ မသိခဲ့ရိုးလည်း အမှန်ပါလေ၊..ဘာလုပ်
ရမှန်းမသိတာနဲ့ ခုတင်ဘေးရပ်ကြည့်နေမိပြီး ချီတုံချတုံ
ဖြစ်နေရလေသည်။ ဒုက္ခဘဲ သူလည်း ဘာမှမလုပ်တတ်..

"အင်းး....အင်း..ချမ်းတယ်..."

အဆတ်မပြတ်ညည်းငြူနေတာမို့ သတိဝင်စွာ အခန်းထဲပြန်ပြေးပြီးလုဟန် ခြုံတဲ့စောင်ကိုယူပြီး ထပ်လွှားပေးလိုက်တယ်ဆိုရင်ဘဲရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုစောင့်ဆွဲတာမို့
လုဟန်ကိုယ်လေးပါသွားကာ ထပ်ရပ်ပြုတ်ကျသွားရင်
နှုတ်ခမ်းချင်းထိမိသွားလေတော့သည်။ အလန့်တကြား ထရပ်ရင်း ခုန်မြန်နေသော ရင်ဘတ်လေးကို အသာဖိကာ
ကိုကို့ ကိုကြည့်လိုက်တော့ ချမ်းလို့ထင်ပါရဲ့ ကွေးနေလေသည်။ ဒီချိန်လူကြီးတွေကိုနိုးလိုက်ရင်ကောင်းမယ်...

"ဟန်ဟန် ..နင်ဆယ်ဟွန်းအခန်းထဲဘာသွားလုပ်တာ
လည်း."

အပေါ်တက်လာသော မမနဲ့ ဆုံတာမို့ အလန့်တကြား
လာမေးလေသည်။

"ဟို...ကိုကိုဖျားနေလို့.."

"ဟင်..ဆယ်ဟွန်းလား.."

"ဟုတ်တယ်..."

"နင်အန်တီလေးကိုမြန်မြန်သွားခေါ်သွား..ငါကြည့်ထားပေး
မယ်.."

"ဟုတ်.."

ခဏအကြာ အန်တီလေးလည်း နောက်ကလိုက်လာတာမို့
လုဟန် ဘာမှမလုပ်တတ်စွာ ကုတင်ဘေးအသာလေးကုတ်နေရင်း မျက်ရည်လေး ၀ဲလာတာမို့ မျက်တောင်ခတ်ကာ အမြန်သိမ်းလိုက်ရလေသည်။ ဒီလိုဖြစ်သွားတာသူ့ကြောင့်မဟုတ်
လားလေ.."

"စောင်က..ဟန်ဟန်စောင်မဟုတ်ဘူးလား.."

"ဟုတ်..ဟို..ကိုကိုကချမ်းနေတယ်ဆိုတာနဲ့.."

Meaning Of Love [Completed]Where stories live. Discover now