Part (2)

238 16 3
                                    

နွေရာသီ ကျောင်းပိတ်ရက်တွေမို့ ဒီရက်ပိုင်းတွင်း လုဟန်
အတွက် အခွင့်အရေးပင်။ ပိုအိပ်ရသည်လေ။ အိပ်နေရင်း
ပူအိုက်လာသည်မို့ ခြုံထားတဲ့စောင်ကို ကန်ထုတ်လိုက်လေ
သည်။ ဒါလည်းအဆင်မပြေပါ လည်တိုင်ဖြူဖြူလေးကနေ
ချွေးပေါက်လေးတွေတောင် ကျဆင်းလာတာမို့ ဆက်အိပ်
မရတော့တာနဲ့ လုဟန် ဆူပုတ်စွာ နိုးလာရတာမို့ နာရီကို
လှန်းကြည့်တော့ မနက် ၇နာရီထိုးနေပြီး။ မထချင်ထချင်နဲ့
အီးလေးဆွဲကာ အခန်းပြင်ထွက်လာရလေသည်။ မထွက်ချင်
လို့လည်းမရ ရေချိုးခန်းက အပေါ်ထပ်မှာတစ်ခန်းဘဲရှိတာကို၊
အိပ်ချင်မူးတူး တံခါးဆွဲအဖွင့် ရေချိုးခန်းတံခါး   lockချထားလေသည်။

" ဟာ အထဲမှာ ဘယ်သူလည်း ထွက်ခဲ့ .."

" ငါဘဲ ...မပြီးသေးဘူး ရေအိမ်ဝင်ဦးမယ် ခဏစောင့် "

အိပ်ချင်နေသော မျက်ဝန်းအစုံ ပြူးကျယ်သွားရလေသည်။
သူမေ့နေသည်ဘဲ မနေ့ကဟိုလူ။ ကျွတ် မနက်စောစော
မျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုမှ  ထိုလူနဲ့ဘဲ တိုက်တိုက်ဆိုင်
ဆိုင်လာဆုံရတယ်လို့၊ အခုမှဘဲ သေးကလည်းပေါက်ချင်
နေသေးသည်။

"ဒုန်း ...ဒုန်း..ထွက်ခဲ့လို့ပြောနေတာလေဗျာ မကြားဘူးလား"

"ဟားးး...ဘယ်လိုဟာလေးလည်းကွာ "

အခန်းတံခါးကို တစ်ဒုန်းဒုန်းထုနေတာမို့ ဆယ်ဟွန်း စိတ်မရှည်စွာ ဆွဲဖွင့်လိုက်တယ် ဆိုရင်ဘဲ လုဟန်ကိုယ်လေး ရေချိုး
ခန်းထဲ ပြုတ်ကျလာတာမို့ ဖမ်းထိန်းရလေသည်။အရှိန်နဲ့ပစ်
ဝင်လာတာမို့ ဆယ်ဟွန်းရင်ဘတ် အင့်ခနဲတောင်ဖြစ်သွားလေ
သည်။ ရင်ခွင်ထဲက ကိုယ်သေးသေးလေးကို ငုံ့ကြည့်လိုက်
တော့ သူလေးကလည်း မော့အကြည့်မို့ ကြည်တောက်
နေသော အညိုရောင်မျက်ဝန်းလေးတွေနဲ့ဆုံလေသည်။
အိပ်ရာထစမို့ မျက်လုံးက မို့နေသေးသည်။ ဆံပင်က နှဖူးရှေ့
ခပ်အုပ်အုပ်လေး ဖြစ်နေကာ နှာတံလေးကချွန်နေရာကနေ အောက်ပိုင်းလေးရောက်မှ ခပ်လုံးလုံးလေး ဖြစ်နေတာက ဆွဲ
ညှစ်ချင်စရာပင်။ ဆယ်ဟွန်း တအံ့တသြကြည့်နေစဉ်မှာဘဲ

"  အာ့ .."

ဆယ်ဟွန်းဒူးခေါင်းကို လုဟန်ကန်ထည့်လိုက်တာပင်။
မကန်ဘဲနေနိုင်ရိုးလား လူကို အစိမ်းလိုက်ဝါးစားတော့မလို
လာကြည့်နေတာကို။ အခုလည်း အခန်းဝမှာ ငုတ်တုတ်ထိုင်
ကာ ဒူခေါင်းကိုပွတ်နေလေသည်။ လုဟန်ကန်ထည့်လိုက်
တာလည်း ဖြေးဖြေးလေးကို သူကိုက အကဲပိုနေတာ

Meaning Of Love [Completed]Where stories live. Discover now