part (17)

172 12 0
                                    

" နင်ပြန်လိုက်သွားနော် ရှောင်လုဟန်..."

"ဒါမမနဲ့ မဆိုင်ပါဘူး..."

"နင်ပြန်လိုက်သွားလို့ ငါပြောနေတာနော် နင်မရှိမှ အေးမှာ
နင့်ကြောင့် နင့်ကြောင့် ဘွားကငါ့ကိုဂရုမစိုက်ခဲ့တာ ငါနင့်ကို
အမြဲမနာလိုဖြစ်ခဲ့ရတာ ရှောင်လုဟန်ရဲ့.."

"....."

"မကြည့်နဲ့..အဲ့မျက်လုံးတွေနဲ့ငါ့ကိုလာမကြည့်နဲ့...မုန်းတယ်
နင့်ကိုငါ အသေမုန်းတယ်...လူတကာကို သနားအောင်
မြူစွယ်တတ်နဲ့ နင့်မျက်လုံးတွေနဲ့ ငါ့ကိုလာမကြည့်နဲ့..."

အော်လိုက်တာမို့ ကိုယ်လေးတုန်သွားကာ လန့်သွားမိလေ
သည်။ ဒီအိမ်ထဲမှာ သူနဲ့မမ နှစ်ယောက်ထဲလား တစ်ယောက်
ယောက်လာပါအုံးလား..ဒီလိုပုံစံဖြစ်နေတဲ့ မမကို သူကြောက်
မိတာအမှန်ပေ။ မျက်လုံးတွေနီရဲကာ သူစိမ်းတစ်ယာက်နဲ့
တောင်တူနေသည်။ အနားတိုးလာတာမို့ ခြေလှန်းတွေ
နောက်ဆုတ်ရပ်မိနေလေသည်။

" မမ....နင်ဘာလုပ်တာလည်း..."

"နင့်ကိုသတ်မလို့လေ....နင်မရှိမှ ဟွန်းကငါ့ကိုပြန်ကြိုက်
မယ်လို့ပြောတယ်...ဟား...ဟား...ဟား...
နောက်ဆုံးတော့ ဟွန်းကိုမယုံခဲ့လို့ နင့်ကိုပစ်သွားတယ်မလား"

" မှားနေပြီး နင်ထင်တာလွဲနေပြီး ငါကိုကို့ ကိုနောက်ဆုံးချိန်
ထိယုံကြည်ခဲ့တာ...ငါနဲ့လမ်းခွဲလည်း  ကိုကိုကနင့်ကိုပြန် ကြိုက်မယ်ထင်နေတာလား..."

"အာ့..."

"နင်ဆိုတာ လူ့လောကထဲမမွေးဖွားလာခဲ့ရမှာ ငါပိုင်ဆိုင်တာမှန်သမျှ နင်လုယူခဲ့တာကြီးဘဲ နင်သေရမှာ ..နင်သေမှအေးမှာ "

"အာ့...မမ..."

လည်ပင်းကို အတင်းလာညှစ်ထားတာမို့ စကားပြောဖို့မပြောနဲ့အသက်ရှူဖို့တောင် ခက်ခဲလာရသလိုပင်။ လက်သည်းချွန်
တွေနဲ့ မေးရိုကို ကိုင်ကာ ပါးကိုလာဆွဲကုတ်တာမို့ ပူခနဲဖြစ်
သွားရင် စပ်ဖျင်းဖျင်း ခံစားချက်က မျက်ရည်ဝဲလာတဲ့အထိပင်

လည်တိုင်ကို အတင်းညှစ်ထားတာမို့အသက်ရှူရခက်ခဲလာကာ မျက်လုံးတွေေ၀၀ါးလာရင်း အမှောင်ကျသွားကာ နောက်
ဆုံးသူ ဘာဆိုဘာမှ မသိတော့ပေ။

Meaning Of Love [Completed]Where stories live. Discover now