Extra

205 13 9
                                    

သဘာဝလေရလေအောင် အဲကွန်းမဖွင့်တော့ဘဲ ညဘက်ပြတင်းတံခါးဖွင့်အိပ်တာမို့ အလင်းရောင်ဝင်လာမှ မျက်လုံးတွေ
ပွင့်လာတော့သည်။ မိုးလင်းနေပြီဘဲ။ ရင်ခွင်ထဲက နွေးထွေး
နေတာမို့ ကြည့်လိုက်တော့ ဟန်ရယ်လေ ချမ်းလို့ထင်သည်
ခေါင်းလေးကတိုးဝင်လာရင်း သူ့ခါးကို လက်သေးသေးလေး
တွေဖြင့် လာဖက်တော့သည်။

သူနဲ့ဟန် လက်ထပ်ထားတာ အခုဆို တစ်နှစ်တောင်ပြည့်
တော့မည်။Chanyeolကတော့ ဆရာဝန်ကြီးဖြစ်နေကာ
သူ့မှာသာ ဆေးလက်မှတ်ယူပြီး ဆရာဝန်လည်းမလုပ်ရပါ ဒယ်ဒီက Companyကိုဦးစီးခိုင်းတာမို့ အခုဆို အခြေ
တောင်ကျနေလေပြီး။ ဟန်ကတော့ သူfranceမှာနေတုန်းက ဖွင့်တဲ့ကော်ဖီဆိုင်လေးကိုဘဲ ပြန်ပြင်ဆင်ကာ ဖွင့်ပြီး
ဘာအပူပင်မှကိုမရှိ။ အခုဆို အိမ်လေးတစ်လုံး သီးသန့်ဝယ်ကာ သူတို့2ယောက် သီးသန့်နေကြလေ၏ သူတို့
franceမှာဘဲ လက်ထပ်ပြီးတာနဲ့ ပြောင်းနေကြတာပင်။

လှုပ်လာတာမို့ နိုးတော့မည်မှန်းသိကာ အိပ်ချင်ယောင်ဆောင်
နေလိုက်တော့ ခေါင်းလေးမော့လာကာ သူ့မေးဖျားကို လာ
ခိုးနမ်းက ကိုယ်လေးက တလှုပ်လှုပ်။ ဒါကခိုးနမ်းပြီး သဘော
ကျနေတာပေါ့လေ မသိဘူးများထင်နေတာလားဟန်..
စားပွဲပေါ်တင်ထားသော ဆယ်ဟွန်းဖုန်းထမြည်လာတာမို့
ဆယ်ဟွန်းရင်ဘတ်ကို လက်လေးနဲ့ တွန်းကာ..

"ဖုန်းလာနေတယ်လေ.."

......... !

" ကိုကို....ဖုန်းလာနေတယ်လို့..."

" လာပါစေ..."

"ကိုကို...ကိုင်လိုက်လေကွာ..."

"ထားလိုက်ပါ မကိုင်ရင်သူ့အလိုလိုပြန်ကျသွားလိမ့်မယ်.."

"ဟာ...ကိုကို...အရေးကြီးကိစ္စတွေရှိနေရင် ဘယ်လိုလုပ်
မလည်း သူများတကူးတကအကြောင်းကြားနေတာကို.."

"ဘာမှမရေးမကြီးဘူး..အရေးကြီးတာက ကိုယ့်ရင်ခွင်ထဲမှာ
လေ..."

ကိုယ်သေးသေးလေးကို အတင်းဖက်ထားလိုက်တော့ ရုန်းနေတာမို့ ဆယ်ဟွန်း ခြေထောက်ကြားထဲညှပ်ထားတော့ ရုန်းမ
ရဖြစ်နေတော့သည်။ စောင်ကို ခေါင်းထိလုံအောင်ခြုံလိုက်ရင်း
ပါးဖောင်းဖောင်းတွေနဲ့မျက်နှာအနှံ့ကို အတင်းဖိကပ်လိုက်နမ်း
နေတော့ ရှောင်ကာ အော်ဟစ်နေသည်။

Meaning Of Love [Completed]Tempat cerita menjadi hidup. Temukan sekarang