part (8)

137 12 8
                                    

" သားပါမာမီ.."

"ဆယ်ဟွန်းရယ် တစ်လတစ်ခါတောင်ဖုန်းမဆက်ပါလား မာမီ့မှာတော့ မျှော်လိုက်ရတာ ဘယ်ချိန်ဖုန်းဆက်မလည်းလို့.."

"ကျွန်တော်မအားလို့ပါ .."

"စာလုပ်နေတာမှ ဟုတ်ရဲ့လား "

"ပြသာနာတွေအားလုံးမာမီကြားတယ်သား...ဘယ်လိုဘဲဖြစ်ဖြစ် ဘွားရှောင်မြေးတွေထဲကဆိုရင် အဲ့ရှောင်လုဟန်နဲ့
မာမီသဘောမတူနိုင်ဘူး မင်းဒယ်ဒီနဲ့ပြသာနာဖြစ်ကြတာ
သားလည်းသိမှာပါ.."

"ဟန်က ငယ်သေးတယ်လေ မာမီရယ်.."

"ဘယ်လို...အဲ့ကောင်လေးဘက်က ကာကွယ်ပြီးပြောနေတာလား ဆယ်ဟွန်း ငါ့သဘောထားကို ကြိုပြောပြီးသားနော်..
အထွန့်မတက်စမ်းနဲ့.."

မာမီပြောသလို မဟုတ်ဘူးဆိုပြီး အော်ပြီးသာပြောလိုက်ချင်
ပါသည်။ စိတ်တွေလည်းရှုပ်လှပါသည်လေ ပြသာနာက သူစခဲ့တာကို မာမီပြောတာမို့ငြိမ်ပြီးသာနားထောင်မိတော့သည်။ ခုချိန်မာမီ့သားက အဲ့ကလေးကို ချစ်နေတာဆိုပြီးပြောလိုက်ရင်
ရော မာမီဆိုးလ်ကိုတောင်ရောက်ချလာမလားမသိပေ။

"မာမီပြောတာသေချာနားထောင်စမ်းပါသားရယ် ..
လူကြီးသူမကို ရိုသေရမှန်းလည်းမသိ အဘွားအလိုလိုက်တိုင်း ဆိုးနေတဲ့ကလေးနဲ့ အနီးကပ်မပေါင်းချင်ပါနဲ့သား
မင်းဘာလို့ ဆိုးလ်ကိုပြောင်းသွားလည်း မင်းဒယ်ဒီပြောလို့
မာမီအားလုံးသိပြီးပြီး မင်းငြင်းမယ်မကြံနဲ့ သတိပေးထားပြီးတော့မှ ဘာသံညာသံကြားရင် ငါနင့်ကိုချက်ချင်းပြန်ခေါ်မှာနော် ဆယ်ဟွန်း .."

ဟန်က အများထင်သလို ဆိုးသွမ်းနေတာ မဟုတ်ဘူးမာမီ မြင်အောင်ကြည့်ပေးပါတော့လား အများသူငှာ သွေးထိုးစကားတွေနဲ့ ယုံတမ်းပုံပြင်ကောလဟာလတွေကို ဘာမှမသိဘဲ ဇွတ်ယုံနေတာလား။ ဘာမှမပြောနိုင်စွာ သက်ပြင်းမောကိုသာ ချလိုက်မိလေတော့သည်။ ကိုယ်တို့ဘယ်လိုတောင် ရှေ့ဆက်သွားရမလည်းဟန်ရယ် ကိုယ်မင်းကို ချစ်နေတာနဲ့ မပြီးဘူးတဲ့လား အတားအဆီးကလည်းများလိုက်ပါဘိ။

ညနေစာ စားကြတော့ ဟန်က ကျူရှင်သွားပြီမို့ မရှိပါ။ မျက်နှာ
ပူလို့ စောစောသွားတာလည်းဖြစ်နိုင်ပါသည်လေ။ နေ့လည်က
အဖြေတောင်းတော့ ငိုသွားတာမို့ ချော့ရင်း ကျောင်းကို
ပြန်ပို့ပေးလိုက်ရလေသည်။ ယောလ်ကလည်း ဟန်သူငယ်ချင်းသုံးယောက်နဲ့ စကားတွေဖောင်ဖွဲ့ကာ ငယ်ပေါင်း
ကြီးဖော်လိုပင်ဖြစ်နေသေးသည်။

Meaning Of Love [Completed]Where stories live. Discover now