part (9)

132 10 10
                                    

ဒေါက် ! ဒေါက် !

စာကြည့်နေရင်း တံခါးခေါက်သံကြားတာမို့ ဖက်လက်စ
စာအုပ်ကို ချကာ တံခါးဖွင့်ပေးလိုက်တယ်ဆိုရင်ဘဲ တံခါး
ဝမှာ ငြိမ်ငြိမ်လေးရပ်နေသော ဟန်ကို တွေ့တာမို့ ဆယ်ဟွန်း
ဝမ်းသာသွားရလေသည်။ ရေချိုးထားတာမို့ထင် မျက်နှာလေး
ကကြည်လင်နေကာ နှာခေါင်းလုံးလုံးလေးက ဆွဲညှစ်ချင်စရာ
လေးပင်။ဆံပင်နှဖူးရှေ့ခပ်အုပ်အုပ်လေးနဲ့ တီရှပ်ဖားဖားအနီရောင်လေးကိုဝတ်ထားကာ ဒူးလောက်ဘောင်းဘီ အဖြူရောင်လေးဖြင့် တကယ့်ကလေးလေးလိုပင် တံခါးရှေ့ရပ်ပြီး စာအုပ်လေးပိုက်ထားတာမို့

"ပြောစရာရှိလို့လား ..ဟန်.."

"ဟုတ်..ကိုကို့ ကိုစာမေးချင်လို့.."

ချစ်သူတွေဖြစ်သွားကြတော့လည်း ကိုကိုက လုဟန်ကို ဂရုစိုက်ပါသည်။ ကျောင်းဆင်းချိန်မုန့်တွေတကူးတကလာပို့တက်သလိုညနေကျူရှင်တက်ရင်လည်း လာကြိုမြဲပင်။အသည်းယားလို့ဆိုကာ ပါးလေးနမ်းတာကအစ ခွင့်တောင်းတာမို့ လုဟန် ကိုကို့ကို ချစ်ရလေသည်။

အခုလည်း မနက်ဖြန်စာမေးမှာမို့ Maths
တွက်နေရင်း ဉာဏ်စမ်းပုစ္ဆာတွေကို မတွက်တတ်တာမို့
လာမေးရတာလေ ဒါကို ကိုကိုက တံခါးဖွင့်ထဲက လုဟန်ကို
ပြုံးကြည့်နေတာမို့ နေရခက်နေလေသည်။ အို ဘာဘဲဖြစ်ဖြစ်
ကိုကိုက ငါ့ချစ်သူဘဲလေ တွေးရင်းကြည်နူးရပါသည်။

လုဟန် ကိုကို့ ကိုချစ်ပါသည်။ ဘယ်အချိန်ကလည်းဆိုရင်
တော့ ဖြေစရာမရှိပါလေ။ အချစ်ဆိုတာ အနေနီးစပ်ရင်း
တစ်စိမ့်စိမ့်နဲ့ရင်ထဲဖြစ်တည်လာတာမျိုးဘဲလား မတွေးတတ်ပါ
ဖွင့်ပြောတဲ့နေ့က ကျောင်းပြန်တက်တော့ ဗြောင်ကိုအကြောင်းစုံပြောပြလိုက်တော့ ဗြောင်က မင်းလည်းအကိုဆယ်ဟွန်း
ကိုချစ်နေတယ်ဆိုပြီး ပြောခဲ့တာမို့ ကိုယ့်ဘာသာ ပြန်စဉ်းစား
ရင်း အဖြေပြန်ပေးလိုက်တာပင်။တကယ်ဆိုသူတို့နှစ်ယောက်ရဲ့ကြုံတွေ့ ဆုံဖက်ချစ်သူဖြစ်ခဲ့တာက စောလွန်းခဲ့သည်
မဟုတ်လားလေ...

"ညစာစားပြီးပြီလား..ဟန် "

ညဘက်ကျူရှင်ကပြန်လာထဲက အပေါ်ပြေးတက်သွားကာ ညစာဆင်းစားတာမတွေ့တာမို့ စိုးရိမ်စွာမေးလိုက်ရလေ
သည်။

Meaning Of Love [Completed]Место, где живут истории. Откройте их для себя