part (13)

142 9 0
                                    

္ကကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေပြီးတာ အတော်ကြာ
နေပြီး ။ အခုချိန်ထိဘာဝတ်ရမှန်းလည်းမသိသေး ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့လည်း ရှုတ်ပွနေသော
အ၀တ်အစားတွေဆိုတာ တောင်လိုပုံနေသည်။

"ဟင်း..."

သက်ပြင်းငွေ့ငွေ့သာချမိလေတော့သည်။ စိတ်တောင်ညစ်
တယ်တကယ် သွားစရာလာစရာရှိရင် အဲ့လိုဘဲ ဘာဝတ်လို့
ဝတ်ရမှန်းကို မသိတာ။ ဒီလိုနေ့မျိုးဆို ပိုဆိုး နောက် သူနဲ့ကိုကိုရဲ့ ပထမဆုံး အားလပ်ချိန်လေးမှာ dateလုပ်တယ်
ဆိုရင်လည်း မမှားဘူးမလားလေ။ ဗီဒိုကို ပြန်ဖွင့် ခေါက်ထား
တာတွေကို မွှေနှောက်ရှာကြည့်တော့ အဖြူနဲ့အနီလေးရောစပ်
ထားသော ၀မ်းဆက်ဝတ်စုံလေးကို တွေ့တာမို့ ပျော်သွားမိ
လေသည်။ ဟုတ်သားဘဲ  ဟိုတစ်လောက ဘွားပို့ပေးလိုက်တဲ့ဝတ်စုံလေး Christmasနေ့ရောက်ရင် ၀တ်ရအောင်
တဲ့.။ ၀တ်ကြည့်လိုက်တော့ ကွက်တိ မှန်ရှေ့ပြန်ကြည့်လိုက်
ပြီး အပ်အုပ်အုပ်လေး ဖြစ်နေတဲ့ ဆံပင်လေးကို သပ်ချကာ
စိန်ပွင့်နားကပ်သေးသေးလေ ပန်လိုက်လေသည်။

" ဟူးစ်..အခုမှဘဲ "

  ဒေါက် ! ဒေါက် !

ကိုကို တံခါးလာခေါက်တာမို့ အပြေးလေးသွားဖွင့်လိုက်တော့
အခန်းဝမှာ ရပ်စောင့်ပြုံးပြနေတာမို့ လုဟန်ဆူပုတ်သွားရလေသည်။ မင်းသားတောင်ရှုံးလှပါသည်လေ ရှိုးစမိုးအပြည့်ဖြင့်
ပြင်ဆင်ခြယ်သလာတာများ မနာလိုဝန်တိုဖြစ်အောင်လို့..
ရှက်လက်ရှည်အဖြူရောင်ကိုဘဲ စတိုင်ဘောင်းဘီရှည် အနက်ထဲထည့်ဝတ်ထားလေသည်။ ရိုးရှင်းပေမယ့် ချောမောကြည့်
ကောင်းလွန်းနေတာကိုး

"ဘာဖြစ်တာလည်း ဟန်ရဲ့ "

" ကိုကိုက ချောနေလို့လေ..."

"ဟား..ဟား...ဖြစ်ရလေဟန်ရယ်..အဲ့ချောတဲ့ကိုယ်က ဘယ်
သူ့ချစ်သူမို့လို့လည်း..."

"ကိုကိုနော်..လာမစနဲ့..."

ဆူပုတ်ပုတ်နှုတ်ခမ်းလေးက ပြုံးရောင်သန်းလာတာမို့ ပါးဖောင်းအိအိလေးအား ဆွဲညှစ်လိုက်မိလေသည်။ ကြည့်ပါအုံးလားလေ ၀တ်ထားတာက တကယ့်ကလေးလေးလိုပင်..

Meaning Of Love [Completed]Where stories live. Discover now