Part ( 1 )

860 30 2
                                    

တစ်အိမ်သားလုံး အလုပ်ရှုပ်နေတာမို့ အိမ်ရှေ့မှာအပန်းဖြေ
ဖို့ လုပ်ထားတဲ့ ဒန်းလေးပေါ်မှာ သွားထိုင်ရင် နှာခေါင်းရှုံ့ 
လိုက်မိလေသည်။ ဟုတ်တယ်လေ ။ ဒီအိမ်မှာ ကျောင်းလာတက်မဲ့ ဆေးကျောင်းသားက သူ့အရပ်မှာ
မနေဘဲ ဒီမှာ တကူးတက လာတတ်ပါသည်တဲ့။ ဒါဆို
အနေကျပ်တော့မှာပေါ့ နဂိုထဲက လုဟန် ကိုဆို အပစ်ပြော
ချင်နေပါတယ်ဆို ။

လုဟန်က အခုနှစ်မှ အထက်တန်း ပထမနှစ် တက်ရမှာလေ ၊ ငယ်သေးတဲ့အရွယ်ဘဲကို ကစားတာ ဆန်းသလား ၊ တစ်ခုခုဆို ဟိုဟာမလုပ်နဲ့ ၊ ဒီဟာမလုပ်နဲ့ ပြောနေရအောင် လုဟန် စဉ်းစားတတ်တဲ့ အရွယ်ရောက်နေပါပြီးနော် ၊ နွေရာသီကျောင်းပိတ်ရက်မှာ လုဟန်လည်း သူငယ်ချင်းတွေလို လျှောက်လည်ချင်တာပေါ့။ ဒါကို သူတို့က အပြင်မထွက်ရဆိုပြီး အမိန့်ပေးထားလေရဲ့။ လုဟန် စဉ်းစားရင်း စဉ်းစားရင်းနဲ့ အဲ့
ဆေးကျောင်းသား အကိုကြီးကို စိတ်ထဲက ကျိန်နေမိလေသည်။မတတ်နိုင်၊ သူဒီအိမ်လာနေမှ သူ့ရဲ့ အခွင့်အလမ်းတွေ ပိုပြီးပိတ်ပင်ခံရနိုင်သည်လေ၊ ဒေါသထွက်ရင်း လက်ထဲက
ချောကလက်ကို ကိုက်ဆွဲနေရင်းမှ  နှာမှုတ်သံလေးဖြင့်....

" ဟွန့်... တကယ့်အစုတ်ပလုတ် "

  " ဟန်ဟန်..."

" ဗျာ"

"ဗျာမနေနဲ့ လူအရင်လာခဲ့ "...

"ဟုတ် လာပြီး လာပြီး "..

မမ ရှောင်မီလှမ်းခေါ်နေတာမို့
ပြောလည်းပြော ၊ မုန့်ကိုပါးစပ်ထဲ အပီအပြင်ထိုးထည့်ကာ
ပလုတ်ပလောင်းနဲ့ အပြေးသွားရင် လက်မှာပေနေသော
ချောကလက်အနှစ်တွေကို  ၀တ်ထားသော အကျီအဖြူနဲ့ ကတ်သုတ်လိုက်လေသည်။
ဘာတွေဆူပူဦးမလည်း မသိပါလေ။

" ဟန်ဟန်ရယ် အကျီတွေမှာ ပေရေနေပြန်ပြီး
နင်ကလေးလည်း မဟုတ်တော့ဘူးနော် "

ရှောင်မီက လုဟန်ရဲ့ အမတော်ပါသည်။ အရင်းတော့မဟုတ်
ပါ၊ လုဟန်အဖေရဲ့အကိုက မွေးတဲ့ကလေးမို့ တစ်ဝမ်းကွဲ
အစ်မဖြစ်သလို လုဟန်နဲ့ အသက် 2နှစ်ဘဲ ကွာသည်လေ။သိပ်လည်း ဆရာလုပ်သည်ကို၊ အခုလည်း လုဟန်အကျီတွေ
သူလျှော်ပေးရတယ်ဆိုပြီး ဆူပူနေပြန်ပါပြီး။

Meaning Of Love [Completed]Where stories live. Discover now