part (10)

141 13 13
                                    

ကျောင်းပိတ်ရက်မို့ အန်ကယ်လေးက အိပ်ရေး၀၀အိပ်ဆိုကာ
အစောကြီး ဘယ်သူမှ လုဟန်ကို လာမနှိုးပါ။ သူလည်းမထ
ပေ၊ ဟုတ်တယ်လေ ကျောင်းတွေဖွင့်တုန်းက စာတွေမတရား
လုပ်ထားရတာကို အခုကျောင်းပိတ်ရက်လေးတော့ နားချင်
တာပေါ့။ဒါတောင် ညပိုင်းတီချယ်က ကျူရှင်ခေါ်သေးတာကို၊ အိပ်ရာထဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ လုပ်နေရင်း စာပွဲတင်
နာရီကို တစ်ချက်ကြည့်လိုက်တော့ ၈နာရီတောင်ထိုးနေပြီး။

မျက်လုံးလည်း ကြောင်သွားတာမို့ ဆက်မအိပ်တော့ဘဲ
အခန်းပြင်ထွက်လာကာ ဟိုဘက်ခန်းကိုကြည့်လိုက်တော့
ပိတ်ထားလေသည်။ ကိုကိုက အဲ့လိုဘဲ အစောကြီးထပြီး
စာကြည့်။ စာကျက်ရင်လည်း ဘယ်တော့မှ အသံမထွက်ဘူး
လုဟန်မှာသာ စာကျက်ရင် အသံထွက်ပြီးမှ အားရပါးရကျက်
တတ်တာ။ အခုလည်း လူမရှိလို့ဖြစ်မယ် တံခါးကြီးပိတ်ထား
သေးတယ်။ အခုနောက်ပိုင်း ကိုကိုက အရင်လို တံခါးမဖွင့်ထားတော့ဘူး သူအပြင်ထွက်တာနဲ့ Lockချသွားတတ်
သည်။ တောင်တွေးမြောက်တွေး စဉ်းစားရင်းနဲ့ ရေချိုးခန်းထဲဝင် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အခန်းထဲပြန်ဝင်လာခဲ့တော့သည်။

မှန်ရှေ့ကိုယ့်ပုံစံကြည့်လိုက်တော့ ညဘက်ရေသောက်အိပ်လို့
ဖြစ်မယ် ငါ့မျက်နှာလေး ဖောင်းနေသလိုဘဲ။ ဆံပင်ကို နှဖူးရှေ့တစ်ချက်နှစ်ချက်သပ်ချ။ တီရှုပ်အ၀ါရောင်နဲ့ ဒူးလောက် ဘောင်းဘီအမဲရောင်လေးကို ၀တ်ကာ အောက်ထပ်ဆင်းလာ
တော့ အပေါ်တက်လာသော ကိုကိုနဲ့ လှေကားမှာ ဆုံတော့

သန့်ပြန့်နေတာ ကြည့်စမ်း! ရှက်လက်ရှည်အမဲရောင်ကို
ဒဒေါင်ဆစ်ထိ ခေါက်တင်ထားကာ ဂျင်းအပြာဘောင်းဘီ
ရှည်နှင့် တွဲဝတ်ထားတာက မြင့်မားသောအရပ်နဲ့ လိုက်ဖက်စွာ
မျက်ခုံးကြီးတွေက ဆွဲစရာပင်မလိုအောင် မဲနက်နေသေး၊
ဒီလူသားက ဘာလိုသေးလည်း ဘယ်လိုနေနေ ချော
မောကြည့်ကောင်းလွန်းနေတာလေ။
အိမ်မှာမို့ထင် ဆံပင်ကို ချထားတာက ဂုတ်ထိတောင်ရောက်
တော့မယ် ပြောသာပြောတာ ကိုကိုက ဆံပင်ရှည်နဲ့အလွန်
လိုက်ဖက်ကြည့်ကောင်းလွန်းနေတာ..

"အိပ်ပုတ်..အခုမှနိုးလာတာလား.."

"ကျောင်းပိတ်ရက်မို့ အိပ်တာပါနော်..အရင်နေ့တွေက အ
စောကြီးနိုးတာဘဲကို.."

Meaning Of Love [Completed]Where stories live. Discover now