Part (15)

125 9 15
                                    

"လေးလေးကျန်း.."

လေးလေးက ကားနားရပ်စောင့်ပြုံးပြကာ လှန်းခေါ်လိုက်တာမို့ ပျော်ရွှင်သွားကာ အပြေးသွားရင်း လှန်းခုန်ဖက်လိုက်မိလေသည်။

"ဟန်ကလေး.."

ကြည့်စမ်း ! သူ့လက်ပေါ်မှာဘဲ ကြီးပျင်းခဲ့တဲ့
ဒီကောင်လေးတောင် အရွယ်ရောက်နေပါရောလား..
လည်တိုင်ကို ခိုဖက်ထားသော ကလေးအား ကျန်းရိရှင်း ချစ်
သနားပိုစွာ နှခမ်းက အမာရွတ်လေးကို လက်မလေးနဲ့ ဖွဖွ
လေးပွတ်ပေးကာ နှဖူးလေးအား ငုံ့နမ်းလိုက်မိလေတော့
သည်။

"မင်းအကောင်ကြီးလာပြီဟန်ကလေးရဲ့..မနိုင်တော့ဘူး ဆင်းတော့.."

"ဟွန့် .....  လာလည်တာလားဟင်.."

"အင်း.ဟန်ကလေးကို သတိရလို့လေ ...."

"ဟန်ကလေး စာတွေလိုက်နိုင်ရဲ့လား.."

"ဟုတ်ကဲ့.."

"ဘွားရော နေကောင်းတယ်တဲ့လား.."

"အမလေးဗျာ..လေးလေးမားဆီကနေ တန်းလာတာ ကောင်းတာမှ ဒေါင်ဒေါင်မြည်ဘဲကွာ..."

"ဟီး..ဟုတ်လား.."

"ဟုတ်တာပေါ့..ဟန်ကလေး စားချင်တဲ့မုန့်တွေလည်း မား
ကထည့်ပေးလိုက်တယ်.."

" ဒါဆို...ဘွားကိုဖုန်းဆက်ပြောရမယ်.."

ထိုအခါမှဗြောင်က အနားရောက်လာလေသည်။ လေးလေးကျန်းလာတာနဲ့ ပျော်သွားတာ ဗြောင်ကိုတောင်မေ့သွားခဲ့
သည်ဘဲ...

" ရှောင်လု ငါပြန်တော့မယ်.."

"အိမ်ထဲဝင်ပါဦးဗြောင်ရ...."

"ဟင့်အင်း...မိုးလည်းချုပ်နေပြီးဆိုတော့ ပြန်တော့မယ်ကွာ
မနက်ကျမှ ပြန်လာလည်တော့မယ် မနက်ဖြန်ညနေကျူရှင် လာအုံးနော်.."

" အွန်း..."

လက်ထဲမှာ ပါလာသော မုန့်တွေကို ဆွဲယူရင်း အပေါ်ထပ်ကို
ပြေးတက်သွားတာကို ရီရှင်း ကြည့်နေမိလေသည်။ ခဏနေတော့ ဆယ်ဟွန်းက တအံ့တသြ ရောက်လာလေသည်။ သတင်းမပေးဘဲ ရောက်ချလာတော့ ဒီကောင်အံ့သြနေပြီထင်တယ်..

" ဒယ်ဒီ..."

ကျန်းရိရှင်း ပါးချိုင့်များပေါ်အောင်ပင် ရယ်မောမိပါတော့သည်။
ဆယ်ဟွန်းပုံစံက အပစ်လုပ်ထားပြီးမှ ကြောက်နေသလိုမျိုး
လေ။ အခုနပြောမဆိုဘဲ ရောက်ချလာတာဆိုတော့ ကိုယ့်အဖေကိုတောင် မယုံသလိုလာကြည့်နေပြီး အိမ်ထဲခေါ်ဖို့ကိုပင်
သတိမရ...

Meaning Of Love [Completed]Tahanan ng mga kuwento. Tumuklas ngayon