part (7)

135 14 12
                                    

ဟယ်လို !

ဟန်ဟန်နဲ့ ရှောင်မီ မနက်က ပြသာနာဖြစ်ကြတယ်ဆိုကာ
ရန်းဇီဖုန်းဆက်လာမှ သိရလေသည်။
ဒီမနက်Companyအစည်းအဝေးရှိတာမို့ အိမ်က
စောထွက်လာမှ နောက်ပိုင်းပြသာနာဖြစ်ကြသည်တဲ့လေ။
ခုမားမားက သူ့မြေးထိလို့ ဖုန်းဆက်လာခဲ့လေပြီ။

"ဘယ်လိုဖြစ်တာတုန်း ငါ့မြေးမနက်က ငိုပြီးဖုန်းဆက်တိုင်တယ် "

"ဆယ်ဟွန်းနဲ့ စကားများကြရာကနေဖြစ်ကြတာ မားရယ်
ကလေးအချင်းချင်း ဖြစ်ကြတာပါ "

"ဆယ်ဟွန်းနဲ့ ဖြစ်တာကို ရှောင်မီက ငါ့မြေးကို ရိုက်စရာလား
နင်တို့ကိုယ်တိုင်စောင့်ရှောက်ပါမယ်ဆိုလို့ ငါ့မြေးကို
ငါထည့်ပေးလိုက်တာနော် ဒီလိုအဆင်မပြေကြရင် ငါ့မြေး
ငါပြန်ခေါ်မယ်အေ "

"ဟန်ဟန် အထက်တန်းပြီးတာနဲ့ မားဆီဘဲပြန်လွှတ်မှာပါ
အခုက အခြေနေစောင့်ကြည့်နေတာ "

" ငြိမ်နေတယ်မလား "

"ငယ်ငယ်က ကိစ္စတွေကို အယူသည်းမနေပါနဲ့ မားရာ
ကလေးက အခုလူ့အဖွဲ့အစည်းနဲ့ ဘောင်ဝင်တန်းဝင်တောင်
နေနိုင်နေပြီး "

"ငါ့မြေးအရွယ်လေးနဲ့မလိုက်  ခံစားခဲ့ရတာကို ငါတစ်သက်မ
မေ့ဘူးဟဲ့..သူ့ခဗျာ ဖျားနာရင်တောင် မားမားပါးပါး ဆိုပြီး
ချွဲမဲ့သူရှိခဲ့တာမဟုတ်ဘူး "

"ဒါကြောင့်လည်း  ကျွန်တော်တို့ခေါ်ပြီး စောင့်ရှောက်ပေး
ထားတာလေဗျာ မားအစိုးရိမ်မလွန်ပါနဲ့ သူအလွန်အကျွန်
ဘာမှမလုပ်ပါဘူး "

" စိတ်ဆိုတာ ပြောလို့ရတာမဟုတ်ဘူးဟဲ့ ငါ့မြေးလေးကို
သေချာစောင့်ရှောက် တစ်ခုခုဖြစ်လို့ဆိုတဲ့သံကြားရင်
ငါ့မြေးငါချက်ချင်းပြန်ခေါ်မှာ "

ပြောပြီးပြီးချင်း ဖုန်းချသွားလေသည်။ မားဒေါသဖြစ်နေတယ်
ဆိုတာ သူလည်းသိပါသည်။ ဟန်ဟန်ကိုဆို အထိခိုက်မခံ
စိုးရိမ်လွန်းနေသည် ပြသာနာတွေ စခဲ့တဲ့ တစ်နေ့ အဲ့နေ့
ကြီးကို သူတို့လည်းမစဉ်းစားချင်ပါလေ။ အတွေးထဲရောက်လာတာမို့ ခေါင်းခါထုတ်မိလေသည်။ ထိုစဉ် အတွင်းရေးမှူး
ရောက်လာတာမို့ အလုပ်ထဲစိတ်နှစ်လိုက်လေတော့သည်။

Meaning Of Love [Completed]Where stories live. Discover now