Zawgyi version.,
နောက်တစ်နေ့ မနက်၌
"ကို...ကိုလို့....."
မိုးစက်၏နိုးသံကြောင့် တိမ်ညိုနိုးထလာပြီး...
"အင်း မောင် ဘာဖြစ်လို့လဲ"
"မောင် ခေါင်းတွေမူးနေလို့ နေလို့ထိုင်လို့မကောင်းဘူး ကို"
ထိုအခါမှ တိမ်ညို မိုးစက်၏ နဖူးကိုကိုင်ပြီး အဖျားစမ်းကြည့်လိုက်ရာ...မိုးစက် အဖျားဝင်နေလေသည်၊ တစ်ကိုယ်လုံး ပူကျစ်နေလေ၏။
"ဟာ မောင် ကိုယ်တွေပူနေပါလား၊ မောင်အအေးပတ်ပြီနဲ့ တူတယ်...သွားပါပြီ ကိုတောင်းပန်ပါတယ် ညကမောင့်ကိုဆေးတိုက်ဖို့မေ့သွားတယ်"
"ကို့အပြစ်မဟုတ်ပါဘူးကိုရဲ့ မောင်ညကသတိရပါသေးတယ်၊ မောင်ကိုယ်တိုင်ကကော ဆေးသောက်ကြောက်လို့ ကို့ကိုသတိမပေးပဲ နေလိုက်မိတာ"
"အင်းပါ အဲ့တာဆို ခုမောင်ထနိုင်လား"
"ဟုတ် ကို ထနိုင်ပါတယ် ခေါင်းတော့မူးနေတယ်"
"အင်း အဲ့တာဆို ကို ဆရာဝန်ခေါ်ပေးမယ်၊ နော် ခဏ..."
"ရတယ် ကို အဲ့လောက်မလိုပါဘူး ဆရာဝန်မခေါ်လဲရပါတယ် မောင်ဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ"
"ဘယ်ဟုတ်မလဲ မောင်ရဲ့ တော်ကြာ အဖျားပိုတက်နေရင် ဒုက္ခ၊ ကိုစိုးရမ်တယ်"
"အင်းပါ အဲ့တာဆိုလဲ အိမ်တော့မခေါ်ပါနဲ့ မောင်ထနိုင်သေးပါတယ်၊ အဝတ်ခဏလဲလိုက်ဦးမယ် ပြီးရင်း ကိုလိုက်ပို့ပေါ့"
"ဟုတ်ပြီ မောင်...လာ ဖြည်းဖြည်းထ"
ခဏအကြာ တိမ်ညိုအောက်ထပ်ပြေးဆင်းပြီး အငှားကားငှားလေသည်။ မိုးစက်ကိုတွဲခေါ်ပြီး ဆေးခန်းသို့ ထွက်လာလိုက်ကြတော့၏။
ဒီလိုနှင့် ဆေးခန်းကအပြန်
"မောင် ဘာစားချင်လဲ ကိုယ်ဒီနားက စတိုးဆိုင်မှာ မုန့်သွားဝယ်ပေးမယ်..."
"အင်း ရတယ်ကို အဆင်ပြေရာပဲ"
"အွန်း အဲ့တာဆို ဒီနားမှာထိုင်ပြီး ခဏစောင့်နေနော်"
မိုးစက်ကို ဆေးခန်း၌ ခဏထားခဲ့ပြီး တိမ်ညို အပြေးထွက်သွားလေသည်။
