ထို့နောက် မိုးစက် သူ၏အလုပ်ရှိရာ bar သို့ ရောက်လာပြီးနောက်
သူ၏ပါတနာနှင့် VIP လူက စောင့်နေလေသည်။ ဒီလိုနှင့် စကားအချိတ်အဆက်မိပြီးနောက် မိုးစက်ထိုလူနှင့် bar မှ ထွက်ရန်ပြင်စဥ်
ကံဆိုးချင်တော့ နှင်းပွင့်နှင့်မှ ထိပ်တိုက်သွားတွေ့လေသည်။ မိုးစက် နှင်းပွင့်ကို မြင်မြင်ချင်းလန့်သွားပင်မဲ့ မသိချင်ယောင်ဆောင်၍သာ ရှောင်ပြီး ထွက်လာခဲ့လိုက်တော့သည်။
နှင်းပွင့်လဲ မြင်မြင်ချင်းအံ့သြသွားသည်၊ မိုးစက်လို ဖြူဖြူသန့်သန့်ကောင်လေးကဒီလိုအရက် bar မှာ ဒီလိုလူတွေနဲ့ မကောင်းသည့်ကိစ္စလုပ်နေသည်ဆိုတာကိုပင် ချက်ချင်းရိပ်မိသောကြောင့်ဖြစ်သည်။ ထိုလူနှင့် ထွက်လာတုန်းက လက်ချိတ်ထားတာတို့ ပွတ်တီးပွတ်တပ်တို့ မလုပ်နေပင်မဲ့ နှင်းပွင့်လိုမိန်းမမျိုးက အရိပ်မြင်လျှင်တော့အကောင်သိ၏၊ ထိုကိစ္စတွေက သူ့လို ပွေလီသည့် မိန်းမအတွက်တော့ အံတိုနေပြီဖြစ်ပြီ။
သို့ပင်မဲ့ နှင်းပွင့်တစ်ယောက်ကတော့ ကျေနပ်နေသည့် အပြုံးဖြင့် ပြုံးလိုက်လေသည်။ မိုးစက်နှင့်တိမ်ညို အကြောင်းကိုလဲ သိနေသည်ဖြစ်၍ မိုးစက်ကို တိမ်ညိုနှင့် ခွဲထုတ်ရန် သူ့အတွက်တော့ မဟာအခွင့်အရေး ဖြစ်လေသည်။
ထို့နောက်,
"ကို ထတော့....."
"ဟမ် မောင်...အင်း မနက်တောင်ရောက်သွားပြီလား"
"အင်းကို ကို့အတွက် မနက်စာ ပြင်ထားတယ်...ထတော့နော်"
"ဟုတ် မောင် ညကဘယ်အချိန်ပြန်ရောက်တာလဲ"
"နဲနဲ နောက်ကျတယ်ကို ပြန်ရောက်တော့လဲ မျက်လုံးကြောင်နေတာကြောင့် ဟိုလုပ်ဒီလုပ်နဲ့ မနက်ရောက်သွားတာ"
"မောင်ရယ် လာပါဦး"
"အင်း"
မိုးစက်ကို လှမ်းဖက်လိုက်ပြီး
"ကို့အဖိုးတန်လေး အရမ်းပင်ပန်းနေမှာပဲ...ညက ကိုမောင့်ကို စောင့်နေပါသေးတယ် နောက်ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘူး၊ ပြီးတော့ မောင့်နားမှာ ကိုမရှိပေးနိူင်လို့ စိတ်မကောင်းဘူး...အဲ့အလုပ်တွေကနေ ထွက်လိုက်ပါလားဟင် တခြားပိုကောင်းတဲ့ အလုပ်တွေ ကိုတို့အတူ သွားလျှောက်ကြည့်ရအောင်လေ"
