တိမ်ညိုတစ်ယောက် အထုပ်တစ်ထုပ်နှင့် မိုးစက်၏ တိုက်ရှေ့သို့ ရောက်လာသည်။ သူရောက်လာသည့်အချိန်ပင်လျှင် နေတောင်အတော်မြင့်နေပြီ ဖြစ်သည်။ ထို့နောက် မိုးစက်၏ တိုက်ခန်းသို့ ရောက်သောအခါ ဘဲလ်တီးလိုက်သည်။ ထိုအခါ မိုးစက်တံခါးလာဖွင့်ပြီး...
"ကို ရောက်လာပြီလား...လာအထဲဝင်"
တိမ်ညိုအထုပ်ကိုမြန်မြန်ချပြီး မိုးစက်ကိုလှမ်းဖက်လိုက်သည်။
"အရမ်းလွမ်းတယ် မောင်ရယ်"
"ဟုတ်ပါပြီ ကိုရယ် အတူမနေရတာ ခဏလေးပဲရှိသေးတယ် အဲ့လောက်တောင်ဖြစ်နေပြီလား...ပြီးတော့ အဝတ်ထုပ်ကိုလဲ ကြည့်ဦး တစ်သက်လုံးနေဖို့အတွက်များ ပြောင်းလာတယ်မှတ်တယ်..."
"ဘာလဲ မောင်က ကိုနဲ့တစ်သက်လုံးမနေချင်ဘူးဆိုတဲ့သဘောလား"
"အာ...အဲ့လိုမဟုတ်ပါဘူး ကိုကလဲ နောက်နေတာသိရက်သားနဲ့ လာချွဲနေပြန်ပြီ...လွှတ်ဦး မောင်အနောက်မှာ ကြက်သားဟင်းအိုး တည်ထားလို့"
ဒီလိုနှင့် နှစ်ယောက်သား အိမ်နောက်ခန်းထဲသို့ ဝင်လာကြပြီး...
"အမယ် မောင်က ဟင်းတွေဘာတွေချက်နေပါလား"
"အရင်ကတည်းက တစ်ယောက်တည်း ကိုယ့်ဘာသာချက်စားနေကြကို ကိုကလဲ အထူးဆန်းလုပ်လို့...ဒီနေ့က ကိုလာမယ်ဆိုလို့ မနက်ကတင် စျေးပြေးဝယ်ထားရတာ၊ အစက ဆိတ်သားဟင်းချက်မလို့ပဲ ကိုစားလားမစားလား မသိတာနဲ့ ကြက်သားတော့စားမှာပါလေးဆိုပြီး ကြက်သားပဲဝယ်ခဲ့လိုက်တာ"
"ဟုတ်ပါပြီ ကို့ကလေးလေးရဲ့ ကိုကဘာမဆိုစားတယ် ဟင်းမရွေးဘူး..."
"အဲ့တာ ပိုကောင်းတာပေါ့...ဒါနဲ့ မနက်စာမစားခဲ့ရသေးဘူးမလား"
"အင်း မောင်ဘယ်လိုသိ"
"အကိုတော့်အကြောင်းကို သိပြီးသားပါ...အစောကြီးနိုးရင် မောင့်ဆီစောစောရောက်လာမှာပေါ့၊ အခုကကြည့်ဦး နေဖင်ထိုးနေပြီ မနက်စာခုထိမစားရသေးဘူးဆိုတော့...ညကလဲ စောစောမအိပ်ဘူးမလား၊ ပြီးတော့ မနက်စာကိုလဲ စောစောစားရတယ် ခန္ဓာကိုယ်အတွက် တစ်နေ့တာအလုပ်လုပ်နိုင်ဖို့ အရေးကြီးဆုံးက မနက်စာပဲ ကို..."
