ယနေ့ တိမ်ညိုတစ်ယောက် ထူးဆန်းစွာ အိပ်ယာစောစောနိုးလာသည်...ယခင်က ညဘက်ဂိမ်းဆော့ရင်း အိပ်ယာဝင် နောက်ကျ၍ အိပ်ယာထနောက်ကျသည်မှာ လဲအလေ့အကျင့်တစ်ခုပင် ဖြစ်နေသည်။ အိပ်ယာစောစောဝင်သည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ မနက်ခင်းနေဖင်ထိုးမှထသည်မှာ တိမ်ညို၏ ထုံးစံပင်ဖြစ်နေသည်။ စောစောစီးစီး နိုးထလာပြီး ပထမဦးဆုံးအတွေးထဲတစ်ဖန် ပြန်ဝင်လာသည်မှာ "မိုးစက်" .....
ထူးဆန်းသည့် ထိုအတွေးဆများ ကို ဖျောက်ပစ်ရန် အနီးအနားရှိ ပြတင်းပေါက်ကိုဖွင့်ပြီး ပြတင်းပေါက်ဘောင်ကလေးကိုမှီ၍ အေးမြလတ်ဆတ်သည့် လေတို့ကို အဝရှူရှိုက်လိုက်သည်။ ကားသံဆူညံသံများ ကင်းစင်နေပြီး ကြေးငှက်သံစဥ်တို့ဖြင့် ပြည့်နေသည့် ထိုမနက်ခင်းနေထွက်ချိန်လေးကို ရှူမဝပန်းချီကားသဖွယ် ခံစား၍ အတွေးပင်လယ်ထဲမျှော်စပြုလာသည်...။
ရုတ်တရက် အတွေးပင်လယ်ထဲသို့ လျက်တပြတ် အတိတ်ကအကြောင်းအရာတစ်ခုက မရေမရာမသဲမကွဲ ဖြင့် ပြန်ဝင်လာသည်...၊ ထိုအတွေးစများကို ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ပြန်တွေးယူနေစဥ်
တိမ်ညိုတစ်ယောက် သတိထားမိလိုက်ပြီး "ငါ ဒီကောင်လေးကို အရင်က ရင်းနှီးဖူးခဲ့သလား" ဟု၍ ကို့ဘာသာမေးခွန်းပြန်ထုတ်နေမိသည်။
စတွေ့သည့်နေ့ကတည်းက တိမ်ညို၏ ဦးနှောက်အကန့်တစ်နေရာထဲသို့ "မိုးစက်" ဆိုသည့် ကောင်လေးက နေရာယူထားလိုက်ပြီမဟုတ်လား။
ထိုအခြေအနေကို ယနေ့မှ သူပြန်သုံးသပ်မိနေသည်... ထိုနေ့က သူသတိမထားမိခဲ့ပါ။
ရုတ်တရက် အောက်ထပ်မှ အမေ့၏ မနက်စာစားရန် ခေါ်သံကြောင့် အတိတ်ကိုဆွဲယူနေသည့် အတွေးစများက ပျောက်ကွယ်သွားသည်။
ဆက်မတွေးတော့ပဲ ကျောင်းသွားရန် ပြင်ဆင်လိုက်ပြီး အရင်နေ့ထက် ပိုကြည့်ကောင်းအောင် ရှိုးထုတ်၍ "သ" လိုက်ပြီး အောက်ထပ်သို့မနက်စာ စားရန် ဆင်းလာလိုက်သည်။
ထိုစဥ် အမေမှ " အမလေး ငါသားမှဟုတ်ရဲ့လားတော် ကြားသားမိုးကျိုး စောစောစီးစီးနိုးနေပါလား၊ ရေမွေးနံ့ တွေလဲ မွှန်းထုံ နေရောပဲ" ဟုပြော၍ စကားစမြည်လိုက်သည်။
