"မိုးစက်ပုံပြင်"(Part 25)

203 1 2
                                        

ခဏကြာတော့ တိမ်ညို Taxi ဖြင့်မိုးစက်ဆီသို့ရောက်လာလေသည်။ ကားထဲမှ ထီးတစ်ချောင်းနှင့် တိမ်ညိုအမြန်ထွက်လာပြီး မိုးစက်ကိုအရင်အပေါ်ဝတ်ခြုံပေးလျက် ထိုကားထဲသို့ပင်အမြန်ပြန်ဝင်သွားလေသည်။ တိမ်ညို့ကိုမြင်တော့ နှင်းပွင့် အရင်စိတ်ဝင်တစားစိုက်ကြည့်နေမိလေသည်။ တိမ်ညိုနှင့်ချစ်သူရည်းစားဖြစ်ခဲ့သည့် သက်တမ်းတစ်လျှောက်လုံးမှာ တိမ်ညိုသူ့အပေါ် ဒီလိုဂရုစိုက်ခဲ့တာမရှိသည်ကို မြင်တော့ မနာလိုစိတ်များပြင်းထန်လာပြီး ဒေါသပါထွက်နေတော့၏။ သို့ပင်မဲ့ ဒီအချိန်က သူ့အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ မိုးစက်နှင့်တိမ်ညို ဘယ်မှာနေပြီး ဘာတွေလုပ်နေကြလဲဆိုတာသိရဖို့ အခွင့်ကောင်းပေ။

ထိုသို့ နှင်းပွင့်တစ်ယောက် မိုးများသည်းနေသည့်ကြားထဲမှ တိမ်ညိုတို့ကို အကဲခတ်ကြည့်နေရင်း...တိမ်ညိုတို့ငှားလာသည့်ကားက စထွက်လေသည်။ ထိုစဥ်သူပါ ကမန်းကတန်းကားစက်နိုး၍ တိမ်ညိုတို့နောက်ကို အမြန်လိုက်ရတော့သည်။ တိမ်ညိုငှားလာသည့်အငှားယာဥ်မှာ လမ်းကြားလေးထဲဝင်၍ မိုးစက်နေသည့် တိုက်ခန်းရှေ့၌ ရပ်သွားလေသည်။ နှင်းပွင့်လဲ ဆက်မဝင်ပဲ မလှမ်းမကန်းတိမ်ညိုတို့ မမြင်နိုင်သည့်နေရာမှာ ကားမီးပိတ်၍ မိုးသည်းနေသည့်ထဲမှ တိမ်ညိုတို့ကို စောင့်ကြည့်နေလေ၏။ ကားထဲမှ ထီးဖွင့်ကာ တိမ်ညိုအရင်ထွက်လာပြီး နောက်မှ မိုးစက်ကိုပါ မိုးစိုမှာစိုး၍ ထီးမိုးပေးပြီးသိုင်းဖက်ထားလျက် နှစ်ယောက်သားတိုက်ခန်းထဲသို့ ပြေးဝင်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း ဒေါသအလိပ်လိုက်ထွက်နေသူကတော့ နှင်းပွင့်ပင်...။

"အမလေး အဖြစ်သည်းနေလိုက်ကြတာ လူမြင်လို့တောင်မကောင်းဘူး၊ ဟိုအခြောက်ကလဲ ငါ့ရည်းစားနားကို ကပ်နေလိုက်တာများ...အမလေး...အေးပါ လုပ်ထားကြဦးပေါ့၊ တနေ့အဲ့ဒီနင့်ကိုချစ်လှပါပြီရဲ့ဆိုတဲ့ တိမ်ညိုက နောက်ဆုံးကျရင် ငါ့နားပဲရောက်လာပြီး ငါ့လူဖြစ်လာအောင်လုပ်ပြမယ်၊ ခုတော့ပျော်ထားဦးပေါ့ မိုးစက်လင်းရယ်..."

ထိုသို့ ရေရွက်ရင်း ကားနောက်ပြန်ဆုတ်၍ နှင်းပွင့် ထွက်သွားလေတော့သည်။

"မိုးစက်ပုံပြင်"Donde viven las historias. Descúbrelo ahora