Part 18

583 89 6
                                    

Zawgyi Version

ဟိုလှည့်ဒီလှည့်ဖြင့် အိပ်ချင်စိတ်ကတဖြည်းဖြည်း ကုန်ဆုံး၏။
စားပွဲတင်နာရီသံတချောက်ချောက်က စိတ်ပျံ့လွင့်မှုကို ပိုမိုထိရောက်အောင် အစွမ်းကုန်ကူညီပေးနေ၏။

အိပ်မရသည့်အတူတူ ဝရန်တာဘက်ထွက်ထိုင်နေဖို့သာ Jimin စဉ်းစားလိုက်သည်။ ထို့နောက်ကုတင်ဘေးမှာတင်ထားသည့် မျက်မှန်ဝိုင်းလေးကို လက်ဖြင့်စမ်းရှာကာ ကောက်တပ်လိုက်သည်။

ဒီရက်ပိုင်းအတွင်း ဒီဇိုင်းဆွဲတာကိုအာရုံမစိုက်နိုင်လောက်အောင် မျက်လုံးကအောင့်နေတာကြောင့် Taehyung နှင့်အတူတူ ဆရာဝန်ဆီသွားကာ မျက်မှန်အသစ်လုပ်ပြီး တပ်နေရခြင်း။ မျက်လုံးအခြေအနေက အရမ်းကြီးမဆိုးပေမယ့်လည်း လဝက်လောက်ဆက်တိုက်တပ်ပေးဖို့လိုတယ် ဆိုတော့လည်း တပ်ရတာပေါ့။

ဝရန်တာတံခါးဖွင့်လိုက်တာနဲ့ ခံစားလိုက်ရတဲ့လေနုအေးကို Jimin တဝကြီးရှုရှိုက်လိုက်သည်။ သန်းခေါင်ယံညတွေကို Jimin သဘောကျတာ ဒီအချက်တွေကြောင့်...။ လူသံ၊ကားသံတွေ အကုန်တိတ်ဆိတ်နေပြီး ကိုယ့်ရဲ့အတွေးတွေကို စိတ်ကြိုက်လွင့်မျောစေနေနိုင်သည်။ ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုသလို၊ ဂရုစိုက်နေမယ့် သူလည်းမရှိ...။ သဘာဝကိုပုံမှန်ထက်ပိုပြီးလည်း ခံစားနိုင်သည်။

နှာခေါင်းပေါ်လျှောကျချင်နေသော မျက်မှန်ကိုလက်ညှိုးဖြင့် မတင်လိုက်ပြီး ခုံကိုဆွဲယူကာထိုင်လိုက်သည်။ ထိုအချိန် လမ်းမပေါ်ဖြတ်သန်းသွားတဲ့ ကားတစ်စီးရဲ့စက်သံကနားထဲစူးကနဲ..။

ညနက်သန်းခေါင်မှာတောင် အရှိန်တင်ပြီးမောင်းသွားရတဲ့ ကားရဲ့အကြောင်းရင်းက ဘယ်အရာဖြစ်နိုင်မလဲ..။
အချိန်ပိုဆင်းရတဲ့အလုပ်ကနေ အိမ်ကိုအမြန်ပြန်ချင်လို့လား ၊ ချစ်ရတဲ့သူတွေ ကိစ္စတစ်ခုခုဖြစ်လို့ စိတ်ပူပြီးအမြန်သွားတာလား။ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။

လေးလံနေတဲ့စိတ်နဲ့ လျှောက်တွေးနေတဲ့ Jimin ရဲ့အတွေးတွေဟာ စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းဆီမှတုန်ခါမှုကြောင့် ပျောက်ပျက်သွားသည်။
မနက်ဖြန်သွားမယ့် နှစ်ညအိပ်သုံးရက်ခရီးစဉ်အတွက် တည်းမည့်ဟိုတယ်မှ အခန်းတည်ပြုသည့်စာဝင်လာခြင်း ဖြစ်သည်။

𝙈𝘼𝙔𝘽𝙀Hikayelerin yaşadığı yer. Şimdi keşfedin