Part 27(1)

758 50 8
                                    

Zawgyi Version

လိုက်ကာကြားမှတိုးဝှေ့ဝင်ရောက်လာသော နေရောင်ခြည်နွေးနွေးက ကလူ၏မြှူ၏ပြုနေသော်လည်း Jungkook အာရုံမစိုက်မိ။ သူ၏ရှေ့တွင် အပြစ်ကင်းစွာအိပ်မောကျနေသော သက်ရှိလူသားကိုသာ အရာအားလုံးမေ့မောသွားသည်အထိ ငေးမောနေမိသည်။

ရောက်ခါစကထက်အနည်းငယ်ရှည်လာတဲ့ ဆံနွယ်ပြာတွေကမျက်လုံးဖုံးချင်နေပြီ။ ဆံပင်ကိုသပ်တင်ပေးတော့ ထွက်ပေါ်လာသည့်နဖူးဝင်းဝင်းလေးကို မနေနိုင်စွာအနမ်းခြွေမိသည့်အခါ အင်းအဲလုပ်ကာ ရင်ခွင်ထဲတိုးဝင်လာသည်။

ချွဲနိုင်လွန်းပါပေ့။

သူများလက်ဦးသွားမှာကိုအမြဲကြောက်နေခဲ့တဲ့ Jungkook ကဒီတစ်ခါတော့အချစ်ကို သေချာလေးပိုင်ဆိုင်ခွင့်ရလို့ သဘောကျနေမိသည်။ Hyung ကိုချစ်နေမှန်းမသေချာသေးတဲ့စိတ်ကို Daisy ရဲ့နာမည်ကိုအသုံးချပြီးမေးကြည့်မိတော့ hyung ကအကောင်းဆုံးအကြံကိုပေးခဲ့တာမို့ ကိုယ့်စိတ်ကိုသေချာသိသွားခဲ့တာ။

အထိအတွေ့တွေအများကြီးကြုံခဲ့ဖူးပေမယ့် hyung ရဲ့လက်ဖျားလေးနဲ့တစ်ချက်ထိတွေ့မိတာနဲ့တင် လူတစ်ကိုယ်လုံးထူပူသွားတတ်တာကို hyung သိလေမလား။

အချစ်ကိုသေချာဖွင့်ဟဝန်ခံတတ်ရင် ချစ်ခြင်းတရားတွေဟာသိပ်ကိုလှပပါတယ်။ Hyung ကိုသူအရင်မတွေ့ခဲ့ပေမယ့် hyung ကတော့သူ့ကိုအရင်တွေ့အောင်ရှာပေးခဲ့တာမို့ တော်ပါသေးသည်။

အချစ်မှာအချိန်အခါကလည်း အရေးပါတာမို့ ကျွန်တော့်ကို hyung ရဲ့အချစ်ဦးဖြစ်စေခဲ့သည့် ကံကြမ္မာကိုအလွန်ပင်ကျေးဇူးတင်ပါသည်။ သူ့ရဲ့အချစ်ရေးက ဒယ်ဒီနဲ့မာမီတို့လိုမျိုး အဆုံးသတ်မလှတာကိုတော့မဖြစ်စေချင်ပါ။

"အွန်း... မျက်လုံးကြီးပွင့်ပြီးဘာတွေတွေးနေတာလဲ"

အိပ်ရာနိုးခါစ hyung အသံခပ်အက်အက်ကိုကြားကာမှ သူအတွေးလွန်နေမှန်းသတိထားမိသည်။ တကယ်ပါပဲ Jeon Jungkook ကတော့။

"Hyung နဲ့တွေ့ခဲ့တာကံကောင်းတဲ့အကြောင်း"

ပြုံးပြီးဆိုလေတော့ မျက်လုံးရှေ့မှချစ်မဝလေးက နှာခေါင်းရှုံ့သည်။ အံမယ် သူမယုံပါဘူးပေါ့။

You've reached the end of published parts.

⏰ Last updated: Apr 01, 2022 ⏰

Add this story to your Library to get notified about new parts!

𝙈𝘼𝙔𝘽𝙀Where stories live. Discover now