Part 9

811 125 2
                                    

Zawgyi Version

ဝရန်တာရှေ့ထွက်ထိုင်ကာ မနေ့ကဆွဲလာတဲ့ ဒီဇိုင်းပုံလေးတွေကိုသူပြန်စစ်နေရင်း အတွေးထဲရောက်လာတဲ့ အဖေနဲ့ Namjoon ကြောင့် သူလုပ်လက်စအလုပ်ကို ခဏရပ်လိုက်ရသည်။

ဒီကိုရောက်ကတည်းက သူဖုန်းတစ်ခေါက်မှမခေါ်ဖြစ်သေး။

ကိုယ်မခေါ်ပေမဲ့ သူတို့ခေါ်မလားဆိုတဲ့စိတ်နဲ့စောင့်နေခဲ့ပေမဲ့ အချည်းအနှီးသာ။

လူအများရှေ့မှာတော့ ဂရုစိုက်ချင်ယောင်ဆောင်ပေမဲ့ စိတ်ရင်းမှန်နဲ့ဂရုစိုက်ဖော်မရတဲ့သူတွေကို Jimin တစ်ကယ်မုန်းသည်။

ဒီတော့လည်း ဘာဖြစ်လဲ။ သူပြတ် ကိုယ်ပြတ်ပေါ့။

"အဟမ်း"

ချောင်းဟန့်သံလိုလို၊ဘာလိုလိုပေးပြီး ပြုံးစိစိမျက်နှာထားနှင့် Jungkook ကသူ့ကို ဝရန်တာမှခေါင်းပြူကြည့်နေသည်မို့ Jimin မေးငေါ့ပြလိုက်သည်။

"ဘာလဲ"

"ဘာမှတော့မဟုတ်ပါဘူး hyung အတွေးလွန်နေတာလားလို့"

"စဉ်းစားစရာလေးရှိလို့ပါ ဘာဖြစ်လို့လဲ"

"Hobi hyung က ဒီနေ့ညအားတယ်တဲ့ အဲ့ဒါပြောခိုင်းလိုက်လို့"

"ဟုတ်ပြီလေ"

အိမ်ထဲကိုလှစ်ခနဲပြေးဝင်သွားတဲ့ ကောင်လေးကြောင့် လွင့်မျောကျန်ခဲ့တဲ့ လိုက်ကာဖြူဖြူတွေကို သူခဏတာငေးမောလိုက်မိသည်။

ထို့နောက် ပြင်လက်စ ဒီဇိုင်းကိုသာသူအာရုံပြန်စိုက်လိုက်သည်။

ဒီဇိုင်းတွေအချောသတ်ပြီးရင် Namjoon ဆီကိုလှမ်းပို့ရဦးမည်။

Namjoon သူ့ကိုသဘောကျနေမှန်း မသိခင်အချိန်ကတည်းက Namjoon ရဲ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့မိခြင်းက အခုအချိန်မှာတော့သူ့ကို အလွန်အကြပ်ရိုက်စေသည်။

"ဒေါက်.....ဒေါက်"

လူခေါ်ဘဲလ်ကို မတီးဘဲ တံခါးကိုသာတရစပ်ခေါက်နေသောကြောင့် Jimin တံခါးဖွင့်ပေးဖို့ ခဲတံကိုချကာ အိမ်ထဲကိုဝင်လာလိုက်သည်။

"ကျစ် ဘာလဲကွာ"

အလျင်လိုနေပုံရတဲ့ တံခါးခေါက်သံကြောင့် သူတံခါးကို အပြေးသွားကာဖွင့်လိုက်ရသည်။

𝙈𝘼𝙔𝘽𝙀Where stories live. Discover now