Part 26

549 67 7
                                    

Zawgyi Version

နံရံပေါ်မှာကပ်ထားတဲ့ ပြက္ခဒိန်ကိုကြည့်ရင်း Jimin စိတ်လှုပ်ရှားနေမိသည်မှာ အငြိမ်ကိုမနေနိုင်။ စက္ကူဖြူပေါ်တွင်ဘောပင်ဖြင့် အနီရောင်အသဲပုံလေးခြယ်ထားသည့်ရက်က ဒီနေ့ပင်ဖြစ်သည်။

စက်တင်ဘာတစ်ရက်နေ့......

Jungkook ၏မွေးနေ့ဖြစ်တာကြောင့် ထိုကောင်လေးပျော်စေမည့်အရာအားလုံးကို Jimin သေသေချာချာစဉ်းစားထားပြီးဖြစ်သည်။ မွေးနေ့မှာအဓိကအရေးပါတဲ့ရေညှိဟင်းချိုလုပ်ပေးပြီး Jungkook စားချင်သမျှချက်ကျွေးကာ တစ်နေကုန်သူနှင့်အချိန်ဖြုန်းမည်။ ညရောက်ရင် ကြိုမှာထားတဲ့ကိတ်မုန့်ကိုဖယောင်းတိုင်မီးမှုတ်စေပြီး မွေးနေ့လက်ဆောင်ပေးမည်။

Jungkook အတွက်သာသီးသန့်ဖြစ်တဲ့မွေးနေ့လက်ဆောင်ကို သေချာလေးအချောပြန်သတ်လိုက်ပြီး မျက်နှာသစ်သွားတိုက်ခြင်းအမှုကို Jimin ပြုလိုက်သည်။

ဘဝမှာသူတစ်ပါးအတွက် တစ်ခါမှစဉ်းစားပြီးမလုပ်ပေးခဲ့ဖူးတာကြောင့် အတွေ့အကြုံသစ်ရတော့မည့်အတိုင်း Jimin ပျော်နေသည်။ သွားတိုက်ရင်းမှန်မှာပေါ်နေသော မျက်နှာကိုခပ်ဖွဖွလေးရိုက်လိုက်ရင်း မျက်နှာသစ်ခြင်းကိုအဆုံးသတ်လိုက်သည်။

အိပ်ရာကထဦးမှာမဟုတ်တဲ့ မွေးနေ့ရှင် Jungkook ကိုသူသွားနိုးရပေမည်။

Jimin အခန်းရဲ့ password ကိုရိုက်နှိပ်လိုက်ပြီး အခန်းထဲဝင်လာတော့ Jungkook ကရေချိုးခန်းထဲမှာခေါင်းပြူကြည့်လာသည်။ နားရွက်အောက်ရောက်နေတဲ့ဆံပင်လိမ်ကောက်ကောက်တွေက အိပ်ရာထစမို့ရှုပ်ပွလို့....။

Jungkook ဆီအပြေးသွားလိုက်ကာ နဖူးကိုဆွဲယူလိုက်ပြီး တစ်ချက်နမ်းလိုက်သည်။

"Happy Birthday ငါ့ကောင်လေး"

သွားတိုက်နေသည့် Jungkook သည်မျက်လုံးလေးပြူးကာ ကြောင်အနေလျက်။

"ဒီနေ့မွေးနေ့မလား ရေညှိဟင်းချိုလုပ်ပေးမယ်၊ ပြီးရင်ထွက်လာခဲ့"

Puppy မျက်လုံးလေးတွေလိုမျိုးဝိုင်းစက်နေသည့် မျက်လုံးများနှင့်ပြန်ကြည့်လာကာ ခေါင်းငြိမ့်ပြလာသည့် Jungkook ကိုရေချိုးခန်းထဲသို့တွန်းထည့်လိုက်ကာ Jimin မီးဖိုချောင်ထဲသို့ဝင်လာသည်။

𝙈𝘼𝙔𝘽𝙀Tempat cerita menjadi hidup. Temukan sekarang