Part 24

575 74 5
                                    

Zawgyi Version

"အဲ့ကလေးနဲ့အဆင်ပြေသွားတာတော့ဝမ်းသာပါတယ်၊ မင်းအဖေနဲ့ Namjoon ကိုဘယ်လိုလုပ်မလဲ"

Taehyung ၏ရှေ့တွင်လက်ဖဝါးနှစ်ဖက်ကို မီးပွင့်မတတ်ပွတ်တိုက်နေသော Jimin ကခိုကိုးရာမဲ့နေသောကလေးတစ်ယောက်သဖွယ်။ Jungkook နဲ့ချစ်သူဖြစ်သွားတာကိုပြောပြရင်း ပျော်ရွှင်နေတာကိုဝမ်းသာပေမယ့် ဒီကိစ္စကိုလည်းမေ့ထားလို့မရ။ Namjoon ကိုအကျိုးအကြောင်းပြောပြလို့လက်ခံတယ်ဆိုဟုတ်ပါပြီ။ ဒါပေမယ့်သူ့အဖေကြီးကတော့ လွယ်လွယ်နဲ့သဘောတူမှာမဟုတ်တာတော့ Taehyung သိနေသည်။

"ငါ..အဲ့ဒါတော့မစဉ်းစားရသေးဘူး"

"ထည့်မတွက်လို့မရဘူးသူငယ်ချင်း...၊ Namjoon ဆိုတာကမင်းကိုအသေရရ၊အရှင်ရရလက်လွှတ်မယ့်သူမဟုတ်တာ မင်းကော၊ငါကောသိနေတာပဲလေကွာ။ ပြီးတော့မင်းအဖေကို မင်းလွန်ဆန်နိုင်လား"

"မလွန်ဆန်နိုင်ရင်ရုန်းထွက်ဖို့နည်းလမ်းတစ်ခုပဲငါ့မှာရှိတယ်၊ Jungkook နဲ့ငါနဲ့အကြောင်းသိသွားရင် Namjoon နဲ့လက်ထပ်ဖို့ကိုအဖေကတန်းလုပ်တော့မှာ။ လက်မခံရင်အမွေပြတ်စွန့်လွှတ်တာကလွဲပြီးဘာရှိဦးမှာလဲ၊ ဒါကတော့သေချာပေါက်ကြုံရမှာပဲ၊ Jungkook ကိုထိခိုက်အောင်လုပ်မှာကိုပဲငါစိတ်ပူတာ"

သိရင်ဘာလို့ရှေ့ဆက်တိုးသေးလဲ ဟုပဲ Taehyung မေးလိုက်ချင်သည်။ ဘယ်သူ့ကိုသွားအပြစ်တင်ရမှန်းမသိတဲ့အခြေအနေမှာ စိတ်ညစ်ရမယ့်သူက Jimin အပြင်မရှိ။

"Jungkook ကမင်းနဲ့ဘယ်အရာမဆိုရင်ဆိုင်နိုင်မယ်လို့ မင်းယုံလား၊ ပြီးတော့ဒီအကြောင်းကိုဘယ်တော့ပြောပြမယ် စိတ်ကူးလဲ"

ပြန်ကြည့်လာသောမျက်လုံးများက စူးရဲနေလျက်။
တစ်ခါမှ Jimin ဆီမှာမတွေ့ဖူးသေးတဲ့ပုံစံမျိုး။

"သူ့ကြောင့်ပဲမလွယ်မှန်းသိတဲ့ ဒီလမ်းကိုငါရွေးချယ်ခဲ့တာ၊ သူ...သူ...ငါ့ကိုနားလည်ပေးမှာပါ"

Jimin မကြားအောင်သက်ပြင်းမောတစ်ခုကိုသာ Taehyung ခိုးချမိသည်။ Jimin ကအရမ်းပျော့ညံ့လွန်းနေတယ်။ ဘယ်လောက်ပဲရင်ဆိုင်နိုင်တယ်ပြော..ပြော၊ Jungkook သူ့အပေါ်စိမ်းကားသွားမှာကြောက်နေတာကို Taehyung မြင်နေရတုန်းပဲ။

𝙈𝘼𝙔𝘽𝙀Onde histórias criam vida. Descubra agora