Zawgyi Version
မနက်စာစားမလို့ ပြင်ဆင်နေတုန်း တံခါးခေါက်သံကြားတာကြောင့် Jimin လုပ်လက်စအလုပ်တွေကို ရပ်ပြီးထွက်လာခဲ့ရသည်။
ကိုယ့်ဆီလာမဲ့သူလည်းမရှိဘဲနဲ့
Taehyung ကလည်းလာမယ်လို့မပြောထားပါဘူးတံခါးဖွင့်ကြည့်လိုက်တော့
ဟိုဘက်အခန်းကကောင်လေး၊ဘာလာလုပ်တာပါလိမ့်
"Morning Jimin"
သူကစနှုတ်ဆက်လိုက်တာမို့ ကိုယ့်မှာကြောင်အမ်းအမ်းတောင်ဖြစ်သွားရသည်။
"Morning"
"ဟိုဟာ
မနေ့ကကျန်ခဲ့တဲ့ ပန်းကန်လာပေးတာပါ"သြော်
ခုမှသူသတိထားမိသည်ပဲ
မနေ့က ကောင်လေးအိမ်ကိုမုန့်သွားပို့ပြီး ပန်းကန်ပြန်ယူမလာမိသည့်အဖြစ်။"ကျေးဇူးတင်ပါတယ်နော် ကျွန်တော်ပြန်ယူဖို့မေ့သွားတာ"
ပြောရင်းနဲ့ ပန်းကန်ကိုလှမ်းယူလိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်သွားသည်မသိ လက်ကနေချော်ထွက်ပြီး ပန်းကန်ကကျကွဲသွားလေသည်။
"Sorry
ကျွန်တော့်အမှားပါ"ပြောပြီး ပန်းကန်ကွဲစတွေကို ထိုင်ကောက်နေသော ထိုကောင်လေး
"ခဏ
လက်နဲ့မကောက်နဲ့ ပန်းကန်ကွဲရှ""အ"
စကားတောင်ဆုံးအောင်မပြောလိုက်ရ၊
နမော်နမဲ့ကောင်လေးက ပန်းကန်ကွဲရှလေပြီ။"အဆင်ပြေရဲ့လား ဒါကြောင့်မို့လို့လက်နဲ့မကောက်ပါနဲ့ဆို"
ပြောရင်း လက်ကိုယူပြီးကြည့်တော့ ကောင်လေးကမနေ့ကလိုမျိုးကြောင်ပြီးကြည့်နေပြန်သည်မို့ Jimin စိတ်တိုလာရသည်။
"သွေးတွေထွက်နေတယ်လေ မမြင်ဘူးလား"
"Jimin shii"
ခေါ်သံအဆုံး Jimin မော့ကြည့်လိုက်မိသည်။
"Jimin shii က ကိုရီးယားလူမျိုးလား"
"ဟင်
ဘယ်လိုလုပ်ပြီးသိ"အို ဟုတ်သားပဲ
သူကောင်လေးကိုစိတ်ပူပြီး ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ဘဲ မိခင်ဘာသာစကားနဲ့ပြောလိုက်မိတာကိုး
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook