Part 2

1.1K 143 1
                                    

Zawgyi Version

"တီးတောင် တီးတောင်"

အဆက်မပြတ်မြည်နေသော ခေါင်းလောင်းသံကြောင့် မျက်စိစုံမွှားဖြင့် အိပ်ရာပေါ်မှ အတင်းကာရောထလာခဲ့ရသည်။

"ရား Park Jimin ခုမှနိုးတာလား
6နာရီတောင်ထိုးတော့မယ်"

တံခါးဖွင့်ပေးပြီးနောက် ဝင်လာသော Taehyung က အိပ်ချင်မူးတူးဖြစ်နေသော Jimin အားအံသြတကြီးမေးလေသည်။

"အင်း ပင်ပန်းလို့ အရမ်းအိပ်ပျော်သွားတာဖြစ်မယ်"

"ဒါဆိုလည်း ရေသွားချိုးလိုက်
ငါညနေစာအတွက်ဝယ်လာတယ် ပြီးရင်တူတူစားရအောင်"

"အိုခေ ခဏလေးတော့စောင့်"

Taehyung ပြောသည့်အတိုင်း ရေချိုးပြီးနောက်
ညစာ စားနေရင်း

"ဘယ်လိုလဲ Jimin
အိမ်အပြင်အဆင်တွေကော ကြိုက်ရဲ့လား"

"အရမ်းကြိုက်တယ် ငါ့သူငယ်ချင်းအတော်ဆုံး"

အစားကိုပလုတ်ပလောင်းစားနေရင်းမှ လက်မလေးနှစ်ချောင်းထောင်ကာဖြေလိုက်သောသူ့ကို ကြည့်ပြီး Taehyung က သူ့မူပိုင် Boxy Smile လေးဖြင့်ပြုံးပြလေသည်။

"မနက်ဖြန်ကျရင် မိတ်ဆက်ပေးစရာလူတွေရှိတယ် ကိုရီးယားလူမျိုးတွေပဲ
ငါလာခေါ်လှည့်မယ်"

Taehyung ပြောသောစကားကို စားနေရင်းမှ Jimin ခေါင်းငြိမ့်ပြလိုက်သည်။ရောက်တဲ့နေရာမှာ တွေ့တဲ့လူနဲ့တည့်အောင်ပေါင်းဖို့က အရေးကြီးဆုံးပဲလေ

ညစာစားပြီးနောက် Taehyung က TV ခဏကြည့်ကာ ပြန်သွားလေသည်။
ထိုအခါမှပဲ Jimin လည်း ရှေ့လျှောက်နေထိုင်ရမည့် အိမ်အသစ်ကိုစူးစမ်းလေ့လာရတော့သည်။

နံရံတွေအကုန်လုံးကို အပြာနုရောင်ဆေးခြယ်ထားသောကြောင့် ကြည့်ရသည်မှာမျက်စိအေးလှသည်။

အိပ်ခန်းတစ်ခန်းပါပြီး မကျဉ်းမကျယ်လေးမို့ သူ့လိုတစ်ယောက်တည်းသမားအတွက် အဆင်ပြေသည်။

ဝရန်တာလေးပါ ပါသောကြောင့် ညမြင်ကွင်းကိုလည်းအပေါ်စီးကနေ တဝကြီးကြည့်လို့ရသေးသည်။ ကမ္ဘာကြီးကိုအလင်းပေးနေတဲ့ အထီးကျန်လမင်းနဲ့ ၎င်းရဲ့နံဘေးနားမှာ ခစားနေတဲ့ ကြယ်သေးသေးလေးတွေကိုကောပေါ့

𝙈𝘼𝙔𝘽𝙀Where stories live. Discover now