Part 1

2K 162 0
                                    

Zawgyi Version

'မင်္ဂလာပါ အကိုလေး အထဲမှာ ဥက္ကဋ္ဌကြီးစောင့်နေပါတယ်'

ပြောလာသောအတွင်းရေးမှူးမလေး၏ စကားကို အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးနောက် တံခါးကိုဖွင့်ကာအခန်းထဲသို့ဝင်လာလိုက်သည်။

အခန်းထဲဝင်လိုက်တော့ အလုပ်စားပွဲပေါ်လက်ထောက်ကာ ကွန်ပျူတာအား စိတ်ဝင်တစားကြည့်နေသော Namjoon ကိုတွေ့လိုက်ရသည်။

'Hello အားကောအားရဲ့လားမသိ'

ကိုယ်ပြောလိုက်မှ အသံလာရာဘက်ကိုလှည့်ကာကြည့်လာသောသူ

'အာ Jimin ရောက်နေတာမသိလိုက်ဘူး '
ဟုဆိုကာ ပါးချိုင့်နက်ကြီးတွေပေါ်လာသည်အထိပြုံးပြနေသော ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် Namjoon

'Min
နေ့လည်စာကောစား'

'ပြီးပြီ'
Namjoon ၏စကားကိုဆုံးအောင်နားမထောင်ဘဲဖြတ်ပြောလိုက်တော့ Namjoon ၏မျက်နှာညိုးကျသွားသည်ကို ဆိုဖာပေါ်ထိုင်ရင်း မြင်ဖြစ်အောင်ဖြစ်လိုက်သေးသည်။

'ငါ Canada မှာ ခဏလောက်သွားနေမလို့'

'ဘယ်လို ဘာဖြစ်လို့
ဘာသွားလုပ်မလို့လဲ Min'

ဆက်တိုက်မေးခွန်းတွေတပုံတပင်ကြီးအမေးခံရသည်ကိုမကြိုက်သောသူပီပီ စိတ်ရှုပ်မှုကြောင့် အပြာနုရောင်ဆံနွယ်များထဲသို့လက်ထိုးထည့်ကာ သက်ပြင်းရှည်ကိုမှုတ်ထုတ်မိသည်။

'ငါ့အဖေနဲ့မင်းရဲ့ချုပ်ချယ်မှုတွေအောက်ကခဏလေးပဲဖြစ်ဖြစ်လွတ်ချင်လို့'

ဟုတ်သည်။လွတ်မြောက်ချင်သည်။ထွက်ပြေးချင်မိသည်။ထားရာနေ စေရာ သွားဘဝကိုသူစိတ်ကုန်လှပြီ။

'Min ရာ
ဘာလို့အဲ့လိုတွေ တွေးနေတာလဲ
ဦးလေးက Min အတွက်ပဲစဉ်းစားပေးပြီးတော့အကုန်ဖြည့်ဆည်းပေးနေတာ'

'ဟက်
ဒါဆို မင်းနဲ့လက်ထပ်ဖို့ကိစ္စကကော'

မေးလိုက်သည့်မေးခွန်းနောက်မှာ ရုတ်ချည်းအေးစက်သွားသော အခန်းငယ်

စိတ်ခံစားမှုကြောင့် ကျစ်ကျစ်ပါအောင်ဆုပ်ထားသော Namjoon ၏ လက်သီးဆုပ်များကိုစိုက်ကြည့်ရင်း

𝙈𝘼𝙔𝘽𝙀Where stories live. Discover now