Part 22

542 76 4
                                    

Zawgyi Version

ညစာစားနေသည်ဖြစ်သော်ငြား နှစ်ယောက်လုံး ဝစီပိတ်ကျင့်နေကြသောကြောင့် ဇွန်းသံ၊ခရင်းသံကသာ တတိတိနှင့် တိုးတိတ်စွာထွက်ပေါ်နေသည်။ အခြားစားသုံးသူတွေရှိပေမယ့်လည်း စားပွဲဝိုင်းများကတစ်ခုနှင့်တစ်ခုအနည်းငယ်လှမ်းသည့်အပြင် တစ်ပါးသူများကိုအနှောင့်အယှက်မဖြစ်လိုဟန် တိုးတိတ်စွာ ညစာအားသုံးဆောင်နေကြသဖြင့် piano သံခပ်အေးအေးသာ သူတို့နှစ်ဦးကြား လူးလာဖြတ်သန်းနေသည်။

စားပွဲထိုးလေးမှအဆင်သင့်ထည့်ပေးထားသော ဝိုင်ခွက်အားဖြည်းဖြည်းချင်းမကာ နှစ်ချို့နီညိုရောင်ဝိုင်အရက်ကို အနည်းငယ်လှုပ်ရှားလျက် အရသာခံသောက်နေသော ထိုလူသား၏ပြုမူလှုပ်ရှားပုံအဆင့်အဆင့်ကို Jungkook မျက်တောင်မခတ်ငေးကြည့်နေမိသည်။

အမြဲတစေ ပြေပြစ်သောနဖူးပြင်ပေါ်ဝဲကျနေသည့် မိုးပြာရောင်ဆံနွယ်များက ယနေ့ညတွင်တော့ ဘေးတစောင်းအနေအထားဖြင့် အပေါ်သို့လှန်တင်ထားသောကြောင့် တစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်သည်။ ရံဖန်ရံခါမှသာတစ်ဖက်တည်းဝတ်တတ်သော နားကွင်းအသေးစားလေးကလည်း ငွေရောင်တစ်လက်လက်ဖြင့် ထိုလူသားပန်ဆင်ထားသည်ကို ဂုဏ်ယူနေဟန်ရှိလေသည်။

အပျော့သားအပြာရင့်ရောင်လက်ရှည် shirt ကို အပေါ်ကြယ်သီးနှစ်လုံးလောက်ဖြုတ်၍ဝတ်ထားခြင်းက ထိုလူသား၏လှပမှုကို ပျောက်ပျက်မသွားစေဘဲ ဖြတ်ခနဲငေးကြည့်ရုံမျှဖြင့် မျက်စိထဲထင်းနေအောင် လိုက်ဖက်လွန်းနေသည်မှာ Jungkook သူဝတ်ထားသော oversized hoodie အမည်းရောင်အားချွတ်ကာ ဝတ်ပေးချင်စိတ်ပေါက်လာသည်အထိ။

ချစ်မြတ်နိုးကြောင်းဖွင့်ပြောထားသော်လည်း နှစ်ရက်ကြာသည်အထိ အဖြေမရသေးတာကြောင့် Jungkook ကြံရာမရ။ Jimin hyung နှင့်အတူ Jungkook ဒီမြို့မှာသောင်တင်နေတာလည်း နှစ်ရက်ရှိပြီဖြစ်သည်။ မြို့တော်မှာကျန်ခဲ့သည့်မပြီးပြတ်သေးတဲ့အလုပ်တွေအတွက်လည်း သူ့စိတ်ထဲတထင့်ထင့်။
အလုပ်ရှိရင်ပြန်ပါလားဟု ပြောလာလျှင်လည်းသူပြန်နိုင်မည်မဟုတ်။ သူ့ချစ်သူဖြစ်လာမည့် အစ်ကိုသေးသေးလေးကို ဘယ်လိုမှစိတ်ချမထားနိုင်..။

𝙈𝘼𝙔𝘽𝙀Où les histoires vivent. Découvrez maintenant