Part 11

679 119 8
                                    

Zawgyi Version

အားလပ်ချိန်ရတဲ့ ရုံးပိတ်ရက်မို့ Taehyung ကသူ့အိမ်တွင် သောင်တင်နေသည်။ ဟင်းချက်လက်ရာ အကောင်းကြီးမဟုတ်ပေမယ့် ဖွယ်ဖွယ်ရာရာလေးတွေ ချက်နိုင်တဲ့ ကျွန်တော့်ကို Taehyung က ဒီနေ့တစ်နေ့တော့ငါ့အတွက် ချက်ပေးစမ်းပါကွာ ဟုပြောလာတဲ့အတွက် ကျွန်တော် ခေါင်းသာငြိမ့်လိုက်ရသည်။

ငါလည်းဝင်ကူပါ့မယ် လို့ပြောတဲ့အချိန်မှာတော့ သူ့ ရဲ့မျက်ခုံးတစ်ဖက်မြင့်တက်သွားရသည်။
အင်းပေါ့... ဝင်ရှုပ်ဦးမှာပေါ့။

တစ်ယောက်တည်းဆိုရင် ဘာမှလုပ်မစားချင်တဲ့ ကျွန်တော့်ရဲ့တိုက်ခန်းလေးမှာ ဖျော်ရည်ဘူး၊ခေါက်ဆွဲခြောက်ဘူး၊ ကြက်ဥတစ်ချို့နှင့် ပေါင်မုန့်ကလွဲပြီး အခြားဘာမှရှိမနေ။

ဒါကြောင့် ဟင်းချက်ဖို့ပစ္စည်းတွေသွားဝယ်ဖို့အတွက် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အခန့်သားဂိမ်းထိုင်ဆော့နေတဲ့ ကိုယ်တော်ချောကို ခေါ်ရန် အဝတ်လဲပြီး ထွက်လာလိုက်သည်။

"ဟေ့ကောင် ထကွာ
ငါ့ကို market တစ်ခုခုလိုက်ပို့စမ်း။"

"အိမ်မှာရှိတာပဲ ချက်လို့မရဘူးလား Min လေးရာ"

ဖုန်းဆော့ရာကနေ အကြည့်တစ်ချက်မရောက်ဘဲ လှမ်းပြောသည့် Taehyung ကိုသူစောင့်ကန်ချင်လာသည်။

"သြော်..အေး ဒါဆိုကျွန်တော် ဖျော်ရည်ဗူးလေးတွေကို ရေနွေးနဲ့ပြုတ်ပြီး သုတ်ပေးမယ်နော်။ ပြီးတော့ ပေါင်မုန့်ကို ချက်ပေးရမလား၊ကြော်ပေးရမလား။
ဘယ်လိုစားမလဲ ခင်ဗျ။"

"ဟားဟား တော်ပါတော့ Jimin ရာ၊
မင်းလုပ်တာနဲ့ ဂိမ်းလည်းမနိုင်တော့ဘူး"

သူ ရွဲ့ကာမဲ့ကာပြောတော့မှ Taehyung က ထရပ်ကာ ပုခုံးကိုဖက်ပြီး သွားမယ်ဟုအတင်းဆွဲခေါ်လေတော့သည်။

Supermarket ရောက်ရင်ဝယ်ရမယ့် ပစ္စည်းတွေကို ကားပေါ်မှာတည်းက ကြိုစဉ်းစားထားတဲ့အတွက် ဈေးဝယ်ခြင်းအမှုက သိပ်မကြာလိုက်။

အမိမြေနဲ့ဝေးနေတာကြာနေတဲ့ Taehyung ကိုဂရုဏာသက်စွာ ခံတွင်းတွေ့စေမယ့် ဂင်မ်ချီဟင်းရည်လေးကို သူချက်ပေးချင်သည်။

𝙈𝘼𝙔𝘽𝙀Where stories live. Discover now