𝑷𝒂𝒓𝒕 13

3.9K 419 30
                                    

"Daddy!"

"ဝမ်ရိပေါ် မင်းပါးစပ်ကိုပိတ်နေ အသံထွက်မလာနဲ့"
စံအိမ်သို့ကားမောင်းပြန်နေသည့်Daddyကဘေးကကြည့်နေရင်တောင်အတော်ခက်ထန်နေသည့်မျက်နှာထား။

"အဟင့်...Daddyyyy....."
ငယ်ရွယ်စဉ်ကတည်းကအလိုလိုက်ခြင်းခံရတဲ့ရိပေါ်ဟာ
သူ့ကိုမည်သူမျှအသံမာမာဖြင့်အငေါက်ဖူးတာမို့
ယခုအခြေနေကိုသူဝမ်းနည်းသည်။
ပြီးတော့အခုသူ့ကိုဆူနေသည်ကသူရဲ့Daddyကိုယ်တိုင်ပင်။
ဒါကြောင့်ဝမ်းနည်းစွာငိုမိပြန်သည်။

ရိပေါ်ငိုနေတာရှောင်းကျန့်သနားပေမယ့် သူမဆုံးမလို့မရတော့။
ဒီကလေးကဘောင်ကျော်ပြီးလုပ်ချင်တာတွေပါလာသည်။
အကယ်၍ခုနကအခြေနေမျိုးမှာသာ သူရောက်မလာခဲ့ရင်ဒီကလေးဘာဖြစ်သွားနိုင်သည်ဆိုတဲ့အချက်သူ့ခေါင်းထဲဝင်လာသည်နှင့်ဒေါသထွက်ရသည်။
သူ့မှာတော့ ဒီတစ်ခါရှိစေဟုသောအတွေးနဲ့ဖုန်းlocationကိုလိုက်ပြီးရိပေါ်ကိုထွက်ရှာခဲ့သည်။
Clubရောက်နေသည့်အချက်နှင့်ပင်သူ့ဒေါသကတောက်လောင်ဖို့လုံလောက်နေပြီးသား။

"အဲ့ဒီ့ပါးစပ်ကအသံလုံးဝထွက်မလာနဲ့လို့​ပြော​နေတယ်​နော်"

"အင့်...ဟင့်..."
တစ်ရှိုက်ရှိုက်နဲ့နှုတ်ခမ်းကိုဖိကိုက်ထားပြီးအသံမထွက်အောင်သူကြိုးစားသည်။
နှာဖျားတွေကရဲနေပြီးမျက်လုံးတွေကပါအတော်မို့အစ်နေပေမယ့် ရှောင်းကျန့်ဒီအတိုင်းခွင့်လွှတ်ပေးလိုက်ဖို့မတွေး။

စံအိမ်ရောက်တော့ ကားတံခါးကိုဖွင့်ပေးလိုက်ပြီးလက်ကောက်ဝတ်ကနေအတင်းဆွဲကိုင်ကာအိမ်ထဲခေါ်လာသည်။
အလုပ်သမားတွေကလည်းသူတို့သခင်လေးဒေါသကိုသိသူများမို့လှည့်တောင်မကြည့်ရဲကြ။

"သား ရှောင်းကျန့်....ဒါဘာဖြစ်နေတာလဲ ဝမ်လေးကိုလွှတ်စမ်း!!"

တစ်ရှိုက်ရှိုက်ဖြစ်နေဆဲရိပေါ်ဟာ ရှောင်းမားကိုတွေ့တာတောင်Daddyလက်ထဲကလွတ်မြောက်ဖို့အကူညီမတောင်းရဲ။

ရိပေါ်လက်ကိုမလွှတ်ပဲ အိမ်ပေါ်ထပ်တတ်ရန်ပြင်နေသောရှောင်းကျန့်ကို

"ရှောင်းကျန့်! မားပြောနေတယ်လေ ဝမ်လေးကိုလွှတ်လိုက်လို့ ဝမ်လေးကြောက်နေပြီ"

A Little Boy's  DaddyWhere stories live. Discover now