"ငိုမနေပါနဲ့ ဝမ်လေး ကလေးဘေးကင်းပါတယ်လို့ဆရာဝန်ကပြောထားပြီးပြီပဲ"
နှာတစ်ရှုံ့ရှုံဖြစ်နေသည့်ဝမ်ရိပေါ်က သူ့ကိုယ်ဝန်ဘေးကင်းတယ်လို့သိရသည့်တိုင်အောင်ဝမ်းနည်းနေတုန်း။
မတော်လို့သာတစ်ခုခုဖြစ်သွားရင် သူရင်ကျိုးမှာ"Daddyကလည်း ကျတော်အခုထိလန့်နေပါသေးတယ်ဆို"
"မလန့်ပါနဲ့တော့ Daddyရှိနေပြီပဲ"
မွှေ့ယာပေါ်မှာခေါင်းရင်းကိုကျောမှီထိုင်နေသောဝမ်ရိပေါ်ကိုရှောင်းကျန့်ကရင်ခွင်ထဲထည့်လို့နွေးထွေးစွာဖတ်ထားလိုက်သည်။
ဝမ်ရိပေါ်အတွက် သူကိုယ်တိုင်လည်းစိုးထိတ်ခဲ့ရတာအမှန်ပင်။ထိုပုံစံတိုင်းလေးပဲအိပ်ပျော်သွားသော ဝမ်ကိုရှောင်းကျန့်ဂရုဏာသက်စွာ နဖူးပြင်အားရှိုက်နမ်းပြီး သေချာစွာအိပ်စေလိုက်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာကိုအတည်ပြုပြီးမှအခန်းထဲကထွက်လာလိုက်သည်။
အခန်းအပူချိန်ငြှိဖို့လည်းမမေ့။အခုဝမ်ကအိမ်တော်ရဲ့အောက်ထပ်ကအခန်းမှာဖြစ်ပြီး အပေါ်ထပ်မှာနေဖို့ကိုလည်းရှောင်းကျန့်ခွင့်မပြုတော့။
မတော်လို့ထပ်ပြုတ်ကျရင်ဆိုတဲ့အတွေးနဲ့ သူကိုယ်တိုင်လည်းဝမ်ကိုထားသည့်အခန်းမှာပဲနေဖို့စိတ်ကူးထားသည်။ယခုရှောင်းကျန့်ပုံစံကမနက်ဖြန်လက်ထပ်ပွဲကိုအာရုံနည်းနည်းမှမရပဲ "ဝမ်"သာလျှင်သူ့စိတ်တစ်ခုလုံးကိုကြီးစိုးပြီးအပိုင်သိမ်းထားသည်။
ရှောင်းကျန့်အပေါ်ထပ်ကသူ့အခန်းဆီလာရင်း လိုအပ်သည်များကိုယူဖို့လုပ်သည်။
သူ့အလုပ်ကွန်ပြူတာကိုယူဖို့လုပ်လိုက်သည့်အချိန်
အဆင်သင့်ဖွင့်ထားသောကွန်ပြူတာscreenမှာ notiတွေ
ကိုမြင်လိုက်ရတော့ နောက်မှကြည့်မယ်အတွေးနဲ့ ဖယ်လိုက်ရာကနေ မှားနှိပ်မိပြီးခယ်ကျင်းရှီ vedioပို့ထားသည့်mailထဲရောက်သွားလေသည် ။*သူဘာပို့ထားတာလဲ အလုပ်တွေလည်းမရှိသေးပါဘူး*
စိတ်ကနေတွေးပြီး ထိုဖိုင်ကိုဖွင့်ကြည့်လိုက်တော့
"ဒါက ဝမ်လေးမဟုတ်လား"
သူနဲ့ဝမ် အခန်းတစ်ခုထဲအတူဝင်သွားတာကိုတွေ့ရသည်တိုင်အောင်ထိုvedioရဲ့ဆိုလိုချက်ကိုရှောင်းကျန့်သဘောမပေါက်ခဲ့။
အချိန်အတော်ကြာအောင် ရှောင်းကျန့်တွေးနေမိခဲ့တယ်
သူတစ်ခုခုကိုရိပ်မိလာသလို သဘောပေါက်စပြုလာခဲ့တယ်"မဟုတ်မှလွဲရော ဝမ်လေးနဲ့ငါ..."
"မဖြစ်နိုင်တာ ဝမ်လေးကဒါငါ့ကိုမပြောစရာအကြောင်းမှမရှိတာ"
ထိုနေ့ကမျက်ဝန်းလေးကိုရှောင်းကျန့်အမှတ်မထင်သတိသွားရမိသား
လက်ထဲကဆေးစစ်ထားတဲ့စာရွက်လေးရယ်
ကိုယ့်ကိုမျက်ရည်တွေဝဲရင်းကြည့်နေသည့်မျက်ဝန်းလေးရယ်
ခံပြင်းပြီးနာကျင်နေသည့်မျက်နှာထားမျိုးရယ်ရှောင်းကျန့်ကွန်ပြူတာရှေ့ထိုင်နေရာမှချက်ခြင်းထရပ်လိုက်သည်။
*အဲ့တာငါနဲ့ရတဲ့ကလေးလား ငါဘာလို့မသိခဲ့တာလဲ*
နှလုံးသားထဲအစိုင်အခဲတစ်ခုစို့နေသလိုခံစားရတယ်
သက်ပြင်းအရှည်ကြီးချလိုက်ပေမယ့်အခုထိရင်ထဲပြည့်ကျပ်နေတုန်း"တကယ်ပဲငါ့ကလေးလား"
နှုတ်ကရေရွတ်လိုက်တဲ့စကားအဆုံး သူပြုံးနေမိတယ်
ဒါပေမယ့်မျက်ရည်တွေလည်းကျလာတယ်
ကြည့်ရတာ သူမသိခဲ့တဲ့ မရိပ်မိခဲ့တဲ့ တာဝန်ယူမှုမရှိခဲ့တဲ့အရာကိုတွေးရင်နာကျင်နေပုံ။
နှုတ်ခမ်းတွေလည်းတုန်လှုပ်နေတယ်သူစိတ်ထဲဝေခွဲမရဖြစ် မသေချာနေပေမယ့် တိုးတိုးလေးတောင်းဆုပြုပြီးမျှော်လင့်မိလိုက်တယ်
*ကျေးဇူးပြု၍ ကိုယ့်ကလေးဖြစ်ပေးပါလား*
တစ်ချိန်တည်းမှာပဲ သူလောဘတက်မိသွားပြန်တယ်
*မဟုတ်ဘူး ကိုယ့်ကလေးဖြစ်နေရမှာ မင်းကိုကိုယ်ပဲပိုင်ရမှာ*
ချက်ခြင်းဆိုသလို မျက်ရည်တွေနဲ့သူပြေးဆင်းသွားတယ်။
သူ့ခြေလှမ်းတွေကသေချာပေါက် အိပ်စက်အနားယူနေသည့်ဝမ်ဆီကို။အိမ်ဖော်အစေခံတွေကကြည့်နေပေမယ့် ဒါတွေသူအာရုံမထားနိုင်ဘူး
သူ့အတွက်ဝေခွဲမရတဲ့အရာကို ဝမ့်ဆီမှာတိကျသေချာတဲ့အဖြေရှိနေသည်မလား။**********
တိုပေမယ့်လည်း~~ဇာတ်လမ်းလေးကရှည်ပါဦးမယ် အခုလောလောဆယ်ဖုန်းအခြေအနေအရ unicodeလေးပဲဖတ်လို့ရနိုင်သေးပါတယ်
Thanking for your vote and view.