𝑷𝒂𝒓𝒕 2

8.2K 767 48
                                    

"ဟုတ်လား မင်းလေးအဖေမဖမ်းခင် မင်းကိုအရင်ဝါးစားပစ်မယ်"
ဟုဆိုကာ အနားကပ်လာပြီး လက်သီးဆုပ်သေးသေးလေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည့်Xiao Zhan။

"အာ...ဦး...ဦးလေး အရှေ့တိုးမလာနဲ့တော့နော်
သား ကားတံခါးနဲ့ကပ်နေပြီ"

မျက်စိရှေ့ကသေးသေးလေးကို ပြုံးပြုံးကြီးကြည့်နေရင်း လက်တစ်ဖက်ကလက်သီးစုပ်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ကျန်တစ်ဖက်ကပါးဖောင်းဖောင်းလေးကိုကိုင်ကြည့်လိုက်သည်။
တကယ်ကိုအိအိလေး။

ကားအရှေ့ခန်းက Driverကတော့ သူ့သခင်လေးလုပ်ရပ်ကိုကြည့်ပြီးမှင်သက်နေလေရဲ့။
ခါတိုင်းဆိုသူများအသားမထိတဲ့ သခင်လေး
မျက်မှောင်ကြီးကြုတ်ထားသော သခင်လေးက
ပြုံးစိစိနှင့် ထိုကလေးငယ်အသားကိုထိနေလေရဲ့။
သခင်လေးရှောင်း ကလေးချစ်တတ်တယ်လို့တော့မကြားမိပါဘူး။

"ဟို ဦးလေးရှောင်းကျန့် ဒါကျွန်တော်တို့သူငယ်ချင်းပါ
သူကမိဘအလိုလိုက်ခံထားရတာမို့ နည်းနည်းလေးဆိုးပေမယ့် သူ့မှာမကောင်းတဲ့စိတ်မရှိပါဘူး"

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့သူငယ်ချင်းကိုခွင့်လွှတ်ပြီးလွှတ်ပေးလိုက်ပါဗျာ"

ဝမ်ပိစိအပြင်ကအသံကြားရတာမို့ အနောက်လှည့်ကြည့်တော့ သူ့သူငယ်ချင်းယွိပင်းနှင့်ဟောက်ရွှမ်း။
ဟောက်ရွှမ်းပြောတာကို ယွိပင်းကထောက်ခံနေခြင်းပင်။
ကားမှန်မတင်ထားသောကြောင့် မြင်ရကြားရခြင်းဖြစ်သည်။

ထိုအခါ ရှောင်းကျန့်က အပြင်ကလူငယ်လေးနှစ်ယောက်ကို မျက်နှာထားတည်တည်ဖြင့်စိုက်ကြည့်ရင်း ကားမှန်ကိုတင်လိုက်ကာ

"မောင်းလို့ရပြီ ယုဝမ်" (လင်ယုဝမ် = ကားဆရာနာမည်)

ထွက်သွားသော ကားနောက်အမှီလိုက်သော်လည်း မရချေ။
Storeဆိုင်ထဲကထွက်လာစဉ် ဝမ်ပိစိကိုမတွေ့သဖြင့် ဆိုင်ရှင်အကိုကြီးကိုမေးရာ ရပ်ထားသောကားကိုပြာပြာသလဲလက်ညိုးညွှန်သောကြောင့် မသွားရဲသွားရဲနှင့်ပင် ကားနားလာခဲ့ခြင်းဖြစ်သည်။
ကားကိုကြည့်တာနဲ့ မည်သူ့ကားမှန်းသူတို့သိနေသည်ကိုး။

A Little Boy's  DaddyWhere stories live. Discover now