Part 33

2.5K 237 19
                                    

"ရိပေါ် မင်းနောက်လဆိုလက်ထပ်တော့မှာဆို မင်းရဲ့Daddyဆိုတဲ့လူနဲ့ပဲလား"

ဘယ်ကဘယ်လိုကြားလာတဲ့စကားတွေပြောနေမှန်းမသိသည့် ရိပေါ်ရဲ့koreaကသူငယ်ချင်းဖြစ်သူကျန်းချန်ဆိုသူပင်။

"မင်းပြောသလိုဖြစ်တော့လည်းကောင်းတာပေါ့"

"ဟာ..မင်းဟာကြီးကဘယ်လိုလဲကွ ငါတို့မတွေ့တာတောင်ကြာပြီ တွေ့ကြမလား ငါအခု( )မှာ"

"မင်းဘယ်လိုလုပ်တရုတ်ကိုရောက်လာတာလဲ ငါ့ကိုလည်းဘာမှမပြောပါလား"

"ရောက်တာတောင်သိပ်မကြာသေးဘူးကွ မင်းကိုငါလာမယ့်အ​ကြောင်းchat boxမှာ​ပြောထားတယ်​လေ "

"အာ..ဟုတ်လား ငါဖုန်းမကိုင်ဖြစ်တာနဲ့ပဲ ထားပါတော့ မင်းရောက်နေတဲ့နေရာကငါနဲ့နီးတယ် အဲ့နားကစားသောက်ဆိုင်တစ်ခုမှာတွေ့ရအောင် တည်နေရာပို့ပေးလိုက်မယ်"

"Ok"
ရိပေါ်ဖုန်းချပြီးနောက်ကျန်းချန်ဆီတည်နေရာပို့ပေးလိုက်သည်။
Koreaမှာဆိုသူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းမို့ တွေ့ရမှာပျော်နေသလိုပင်။

အဝတ်လဲကာအိမ်ပေါ်ကနေအိမ်အောက်ထပ်ဆင်းလာသည့်ကောင်လေးကကားသော့ကိုလက်မှာလှည့်လျက်။

စင်သီအခန်းထဲကထွက်လာတော့ရိပေါ်နဲ့တွေ့လေသည်။
ကြည့်ရတာ ဒီကောင်လေးအပြင်ထွက်တော့မည့်ပုံပင်
မပေါ့မပါးကြီးနဲ့မဖြစ်သေးပါဘူး

"မောင်လေး ဘယ်တွေသွားမလို့လဲ အပြင်မထွက်ပါနဲ့လား ရှောင်းကျန့်ပြန်လာရင်စိတ်ပူနေပါဦးမယ်"

"ကျတော်ကယောကျာ်းလေးပဲ ဘာစိတ်ပူစရာရှိလို့"

"အခြေနေတွေကမတူတော့ဘူးလေ မောင်လေးကအခုမပေါ့မပါးကြီးနဲ့"

"ကိုယ့်ဘာသာကိုပဲဂရုစိုက်ပါ ဒီအိမ်မှာနေခွင့်ရတုန်းနေထား သူများကိုလိုက်ပူပန်ပြမနေနဲ့ အကြောင်းသိနေတဲ့လူကမြင်ရတာရွံစရာကြီး"

ရိပေါ်ထိုသို့ဆိုကာကားပေါ်တတ်ပြီးထွက်လာခဲ့သည်။
သူ့စကားတွေကရိုင်းသွားတာသူသိပေမယ့် ဘာလို့ကိုယ့်စိတ်ကိုထိန်းမရလည်းမသိ ရိပေါ်ဆိုတာငယ်ငယ်ကငစွာလေးဆိုပေမယ့်အခုလိုရိုင်းတတ်သည့်လူမျိုးမဟုတ်။
ဘာပဲဖြစ်ဖြစ်ဘယ်ကကောင်နဲ့ရလာမှန်းမသိသည့်ကိုယ်ဝန်ကိုDaddyနဲ့ရတာလို့ပြောကတည်းကသူ့ကိုမျက်လုံးထဲဘယ်လိုမှလေးစားမရတော့ပေ။
သူ့ကြောင့်သာမဟုတ်လျှင် အခုဆိုDaddyနဲ့သူ​ပျော်​ပျော်ရွှင်ရွှင်​နေရ​လောက်ပြီ။
သူဒီလောက်လေးပြောထွက်မိသွားတာမလွန်ပါဘူး။

A Little Boy's  DaddyTempat cerita menjadi hidup. Temukan sekarang