"ရှောင်းကျန့်ဟာလေ တကယ့်အလုပ်သရဲပဲ မနက်ဖြန် လက်ထပ်ရတော့မှာကိုအလုပ်တွေလုပ်နေတုန်း"
Fileတစ်ချို့ကိုင်ကာ ကားparkingကိုလျှောက်လှမ်းလာရင်းတစ်ဖွဖွပြောခေါင်းခါနေသည့်စင်သီ့ဒေါက်ဖိနပ်အသံကြောင့် ကားလက်ကိုင်ပေါ်မှာခေါင်းချပြီးအတွေးလွန်နေတဲ့ခယ်ကျင်းရှီခေါင်းထောင်လာခဲ့သည်။
သူမမျက်လုံးတွေကပုံမှန်ထက်ပြူးကျယ်နေပြီးမျက်ထောင့်စွန်းတွေဟာအနည်းငယ်နီမြန်းနေသည်။
သူမရဲ့ပုံပန်းသွင်ပြင်အလှတရားကတည်ငြိမ်ပြီးလှပသည်ဆိုပေမယ့် ယခုမူကားအေးစက်ပြီးမကောင်းဆိုးဝါးသဖွယ်ဖြစ်နေသည်။"ငါ့ကိုအပြစ်မတင်နဲ့ စင်သီ "
အေးစက်နေသည့်လက်တွေကချွေးပြန်နေပေမယ့်တုန်ယင်ခြင်းမရှိခဲ့။
တံထွေးတွေကိုအထပ်ထပ်အခါခါမြိုချနေပြီး ကားစက်နှိုးကာအလှမ်းကွာကစင်သီစီသူမကားကိုမောင်းထွက်လာလေတော့သည်။ကားစက်သံကမကြားရအောင်ပင်အသံငြိမ်လွန်းသည်။
"ဟင် ဒီကားက.."
သူမဆီလာနေဟန်ရှိသည့်ကားကရှေ့မီးထွန်းထားတာကြောင့်သူမမျက်လုံးတွေကိုကာကြည့်ကာကားရှေ့ကထွက်ပြေးဖို့မေ့လျော့နေခဲ့သည်။
"ကားကမရပ်ဘူးလား မဟုတ်...အား!!!"
*ကျွီ*
ကားbreak ကိုအလျင်စလိုအုပ်လိုက်တာကြောင့် ခါးပတ်ပတ်ထားသည့်တိုင်အောင်ခယ်ကျင်းရှီရှေ့သို့ရောက်သွားသေးသည်။
သူမရှေ့ရပ်နေသည့်စင်သီကိုမမြင်ရတော့။
ခါးပတ်ကိုဖြည်ကာကားပေါ်ကသူမပြေးဆင်းလာပြီးကားရှေ့ကိုရောက်လာခဲ့သည်။သွေးအိုင်ထဲမှာမေ့မြောနေသည့် စင်သီကိုသူမမြင်ကွင်းထဲရှင်းလင်းစွာမြင်လိုက်ရတော့သူမမျက်ဝန်းတွေပိုပြူးကျယ်လာခဲ့သည်။
"ငါ ငါဘာလုပ်မိလိုက်တာလဲ မဟုတ် မဟုတ်ဘူး အား!!"
ခေါင်းကဆံနွယ်တွေကိုစိတ်ရှုပ်စွာထိုးဖွပြီးအော်ဟစ်ကာခယ်ကျင်းရှီကားပေါ်ပြေးတတ်ပြီးစင်သီကိုထားခဲ့၍မောင်းထွက်လာခဲ့သည်။
"ငါ့ကိုအပြစ်မတင်နဲ့ ငါမမှားဘူး ဟုတ်တယ် ငါမမှားဘူး"
ကားမောင်းနေသည့်တိုင်အောင်သူမစိတ်တွေကယောင်ခြောက်ခြားဖြစ်ပြီးသူမလုပ်ရက်ကိုသူမမယုံနိုင်သေးဘူး။
![](https://img.wattpad.com/cover/245780936-288-k608456.jpg)