𝑷𝒂𝒓𝒕 19

4.5K 494 41
                                    

At 7:00Pm

ညစာ စားပွဲဝိုင်းလေးကတိတ်ဆိတ်လို့နေတယ်
မိသားစုစားပွဲဝိုင်းလေးထဲ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်နှစ်ယောက်သာရှိနေပြီး အပ်ကျသံတောင်မကြားရ။

မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဝမ်ရိပေါ်ဟာ ငြိမ်သက်စွာ စားသောက်နေတဲ့Daddy့ ကို မျက်လုံးလေးလှန်ပြီးခိုးခိုးကြည့်​နေမိတယ်
ပန်းကန်ထဲကထမင်းတွေကတော့နေရာမယွင်း။

"Daddy...."
မတိုးမကျယ်အသံလေးနဲ့ခေါ်လိုက်တော့ သူ့ကိုကြည့်လာသည့်Daddy

နူးညံ့ခြင်းမရှိသည့်အကြည့်တွေက သူစိမ်းတစ်ယောက်ကိုလက်လွတ်စပယ်ကြည့်လိုက်သည့်အကြည့်တွေနဲ့ဆင်တူ​နေပြန်တယ်။

"ဟို..ထမင်းယူဦးမလားလို့ ကျတော်ထည့်ပေးမလို့"

မျက်လုံးချင်းမဆိုင်ပဲပြောနေသည့်ရိပေါ်က စားပွဲပေါ်မှာတင်ထားတဲ့လက်နှစ်ဖက်ကိုအချင်ချင်းပြန်ဆိတ်နေလေသည်။

"မလိုဘူး"

ခပ်ပြတ်ပြတ်ပြောပြီး ရေတစ်ခွက်သောက်ချကာထသွားသည့်Daddyက တကယ်ကိုနောက်ကိုတစ်ချက်မှလှည့်မကြည့်။
ရိပေါ်စိတ်ထဲသိမ်ငယ်တဲ့စိတ်​လေးခို​အောင်းလာမိသည်။
သူလုပ်လိုက်သည့်အပြစ်ကအခုလိုကြီးသွားတာလား။
နှစ်တွေအကြာကြီးဖြစ်နေတာတောင် မခေါ်မပြောပဲနေတဲ့အထိသူ့လုပ်ရပ်ကမှားသွားတာလား။

At 10:00pm

"Daddy...ကျတော်ဒီမှာအိပ်လို့ရလား"

ရှောင်းကျန့်အခန်းထဲဝင်ပြီး မျက်လုံး​လေးကလည်ကလည်လုပ်ပြ​နေသည့်ရိ​ပေါ်။
ရှောင်းကျန့်ကဘာမှမပြောပဲ sofaမှာပေါ်ခြေချိတ်ထိုင်နေဆဲမို့ ရိပေါ်ကပြုံးစိစိလုပ်ကာမွှေ့ယာပေါ်ပြေးတတ်သွားပြီးစောင်ကိုခြုံလိုက်သည်။
အရင်တိုင်းပဲ Daddy့ အိပ်ယာကDaddy့ ရင်ခွင်လိုနွေးထွေးတုန်း။

တစ်အောင့်လောက်နေတော့အိပ်ပျော်သွားသည့်ရိပေါ်အနားရှောင်းကျန့်လျှောက်လာခဲ့တယ်။

ဒီလိုအိပ်နေတော့လည်းချစ်စရာလေး...

ရိပေါ်နားဝင်ထိုင်ကာ နဖူးပေါ်ကဆံနွယ်တွေကိုလှန်တင်လိုက်ရင်း ကလေးငယ်ရဲ့မျက်နှာကိုအသေးစိတ်ကြည့်လိုက်မိတယ်

A Little Boy's  DaddyWhere stories live. Discover now