𝑷𝒂𝒓𝒕 5

5.8K 581 18
                                    

"Daddy စောစောလာကြို လာကြိုရင်သားပြောတဲ့ဆိုင်ကစတော်ဘယ်ရီတစ်ဗူးဝယ်လာမို့မမေ့နဲ့ အော် Daddy"

"ဘာလဲကွာ ပေါက်စ ဒီနေ့ကျောင်းထဲဝင်ဖြစ်ဦးမှာလား"
ဝမ်ပေါက်စကိုမနက်စာစားပြီးကျောင်းလိုက်ပို့ပေးသည်။
လမ်းတစ်လျှောက်များလိုက်တဲ့စကား မှာလိုက်တဲ့စကား
လူနဲ့မလိုက် လူကသာအကောင်သေးသေးလေး
လေကတော့အပြတ်သတ်ပေါသည်။
ကျောင်းရှေ့ကားရပ်ပေးတော့လည်း မှာပြီးသားတွေဆက်မှာနေပြန်သည်။

"ကျစ် ဝင်မှာပေါ့ Daddyကလည်း ဘယ်လိုတွေဖြစ်နေတာလဲ Daddyမေ့မှာဆိုးလို့ပြောနေတာကို"

"Daddyမမေ့ပါဘူး ဟုတ်ပြီလား ကျောင်းထဲဝင်တော့"

"နေဦး နေဦး တစ်ခုကျန်သေးတယ်"

လုပ်ပြန်ပြီ ဒီပေါက်စတော့ကွာ ဘေးကနေတစ်ဆာဆာလုပ်နေတာ ဒီလူကစိတ်တွေထိန်းထားရတယ် အသည်းယားလွန်းလို့ အခုလည်းဘာပြောဦးမလဲမသိ

"ကဲ ပြောတော်မူ..."

"ပြွတ်စ်"
ဝမ်ပေါက်သည်Daddyနှုတ်ခမ်းအောက်ကမှဲ့နက်လေးကို ရွှတ်ခနဲနမ်းလိုက်သည်။
Daddyကြီးတော့ဆွံ့အမှင်သတ်

"ဟီးဟီး ပြီးပြီ Daddy သွားပြီနော် တာ့တာ"
ဝမ်ပေါက်ကရယ်ပြပြီး ကားတံခါးဖွင့်ကာဆင်းသွားသည့်တိုင်အောင် Daddyကြီးမလှုပ်မရပ်နှင့်ပင်။

ဒီကလေးငါ့ကိုkissပေးသွားတာလား!!!
ဒီသေးသေးလေးကလေ!!!

"Daddy"
ကားတံခါးနားကပ်၍အော်ခေါ်လိုက်သောဝမ်ပေါက်

"အမယ်လေး!!!ဟာကွာ ပေါက်စ ကျောင်းထဲမဝင်သေးဘူးလား ဘာလုပ်နေတာလဲ Daddyထွက်လာပြီးကျောင်းထဲချီပို့ရမှာလား"

"အာ..ရတယ် ရတယ် Daddyအားသန်တာသားသိတယ် သားစတော်ဘယ်ရီလေးမေ့မှာဆိုးလို့ပြန်လာမှာတာ ဒီတစ်ခါအတည်ကျောင်းထဲဝင်ပြီ ဟီးဟီး"
ပြောင်ချော်ချော်နဲ့ကလေးကသူ့ကိုစနောက်နေသလိုပင်။
ကျောပိုးအိတ်လေးတစ်ယမ်းယမ်းနှင့် မြောက်ဆွမြောက်ဆွကျောင်းထဲပြေးဝင်ပုံက ဘယ်လိုတင်စားရမလဲ

အော် ဒီကလေးအကြောင်းတွေးရင်းနဲ့ကုမ္မဏီသွားဖို့နောက်ကျတော့မယ်

A Little Boy's  DaddyWhere stories live. Discover now