𝑷𝒂𝒓𝒕 34

2.7K 244 25
                                    

"ရိပေါ်ကွာ ဘယ်တွေလျှောက်သွားနေရတာလဲ Daddy့ ကိုစိတ်ပူပြီး​သေ​စေချင်လို့လား"

ရိပေါ်ခြံထဲဝင်လာပြီးကား​ပေါ်ကဆင်းဖို့ကြံတုန်းရှိ​နေ​သေးသည်။
အဆင်သင့်စောင့်နေသည့်Daddyကအိမ်ထဲကနေထွက်လာ၍ဆူသလိုလို စိတ်ပူသလိုလိုနှင့်ပြော​တော့ ပြုံးမိပြန်သည်။
စင်သီကလည်းအနောက်ကနေထွက်လာတာမြင်တော့ Daddy့ ရှေ့အဖြစ်သည်းပြလိုက်သေးသည်။

"Daddy...ကျတော့်ကိုချီပါဦးလို့"

ကားတံခါးဖွင့်၍လက်နှစ်ဖက်ဆန့်ကာပြောနေသောကလေးကြောင့်ရှောင်းကျန့်အနားသွားလိုက်လေသည်။
မဟုတ်လည်းချီဖို့ပါပဲ ကားကမြင့်သည်မို့ခုန်ချလိုက်လို့မတော်လို့များတစ်ခုခုဖြစ်လျှင်ရင်ကျိုးရချည်ရဲ့။

ရှောင်းကျန့် ရိပေါ်ကိုမျက်နှာချင်းဆိုင်ပွေ့ချီလိုက်တော့​ခြေနှစ်ဖက်ကိုခါးကိုတွယ်ချိတ်ကာလက်ကလည်းပုခုံးကိုဖက်ထား​လေသည်။
ရိပေါ်အမူပိုစွာပဲ ရှောင်းကျန့်ရင်ခွင်ထဲခေါင်းလေးမှီလိုက်သေးသည်။
ဒီလောက်လုပ်ပြနေတာတောင်အမြင်ကပ်စရာကောင်းလောက်အောင်ကိုမျက်နှာမပျက်ပဲပြုံးနေသည့်စင်သီရယ်ပါ..

ဟန်ဆောင်ကတော့ကောင်းလိုက်တာ..အကယ်ဒမီတောင်ပေးလိုက်ချင်တယ်

ရိပေါ်စိတ်ထဲကစကားကိုပဲရိပေါ်ကလွဲပြီးမည်သူမျှမသိနိုင်ချေ။

**********

ခြောက်ရက်မြှောက်နေ့အထိခယ်ကျင်းရှီတစ်ယောက်စင်သီနဲ့ပတ်သတ်သည့်ဘာသတ်သေမှာရှာမတွေ့တာမို့သေချင်စိတ်ပင်ပေါက်နေတော့သည်။
မနက်ဖြန်ဆိုသူတို့မင်္ဂလာပွဲကျင်းပကြတော့မှာ...

"ရပြီ!!"

ဧည့်ခန်းမှာထိုင်နေရင်းထအော်သောခယ်ကျင်းရှီကြောင့် ဇာတ်လမ်းတွဲကြည့်နေသည့်ရှင်းယီလန့်သွားရလေသည်။
ဘာကိစ္စလဲလို့မေးလည်းဟိုကိစ္စပဲဖြစ်မှာမို့မမေးတော့ပဲဇာတ်လမ်းတွဲသာကြည့်နေတော့သည်။

ခယ်ကျင်းရှီကတော့တစ်ခုခုကိုဖြေရှင်းနိုင်ပြီဟု​တွေးကာ​ပျော်ရွှင်သွားသည်။
သူမ၏စိတ်ထဲမှလည်း..

*စင်သီ့ကိုယ်ဝန်နဲ့ပတ်သတ်လို့သက်သေရှာမတွေ့လည်းရိပေါ်ရဲ့ကိုယ်ဝန်က​ရှောင်းကျန့်နဲ့ရတယ်ဆိုတဲ့သက်သေရရင်ပြီးနေပြီပဲ*

A Little Boy's  DaddyWhere stories live. Discover now