𝑷𝒂𝒓𝒕 31

2.1K 199 3
                                    

"ဘာလို့လိမ်ပြောရတာလဲ အမစင်သီ"

"ဘာကိုပြောတာလဲ ရိပေါ်ရဲ့"

"အမ ကိုယ်ဝန်ကိစ္စလေ Daddyနဲ့ရတာလည်းမဟုတ်ပဲ ဘာကြောင့်မဟုတ်တာတွေပြောရတာလဲ"

စင်သီနဲ့ ဝမ်ရိပေါ်စားသောက်ဆိုင်တစ်ခုတွင်ပြောဆိုနေကြခြင်းဖြစ်သည်။
ရိပေါ်ဟာအခုဆို​ဟောက်ရွှမ်းအိမ်မှာ​နေတာတစ်ပတ်ကြာခဲ့​လေပြီ။မ​နေနိုင်မထိုင်နိုင်တာမို့ရိ​ပေါ်ကစင်သီကိုတွေ့ရန်ပြောပြီးချိန်းလိုက်ခြင်း။
စင်သီဆိုသောအမျိုးသမီးကDaddyနဲ့ရင်းနှီးနေတာမို့သဝန်တိုခဲ့ပေမယ့်ကြည့်မရမျိုးတော့မဖြစ်ဖူးခဲ့ပေ။
သို့ပေမယ့်အခုလိုမဟုတ်မမှန်တာမျိုးပြောတာကိုတော့ချဉ်သည်။
သူ့ကိုယ်ဝန်ကသေချာပေါက်Daddyနဲ့ပါ ကိုယ်ဝန်သုံးပတ်ချင်းလည်းတူနေတာမို့ အဲ့ဒီ့အမကိုယ်ဝန်ကDaddyဟာလုံးဝမဖြစ်နိုင်ပါ။သေချာပေါက်ကိုမဟုတ်တာပါ။

"ရိပေါ်..မောင်လေး..ဘယ်လိုမျိုးပြောလိုက်ရတာလဲ အမကိုစော်ကားလိုက်တာလားကွယ်"

"တော်ပါတော့ ဒီ့ထက်ပြောလည်းပန်းနုသွေးလိုလာလုပ်နေဦးမှာပဲ အမကိုအမြင်ကပ်တာမျိုးတော့မရှိပေမယ့် ဒီကိစ္စမှာတော့ချဉ်သွားပြီ အမလုပ်ရက်ကမှန်နေလား မှားနေလားဆိုတာ ကိုယ့်ကိုကိုအသိဆုံးဖြစ်မှာပါ"

ထိုင်နေရာမှထသွားသောရိပေါ်ကို စင်သီပြာယာခက်စွာတားပေမယ့်မမှီတော့ချေ။
ဘာကြောင့်ဒီကလေးသူ့ကိုလာစော်ကားနေရတာလဲ သူ့ကိုယ်ဝန်ကိုလည်းရှောင်းကျန့်နဲ့ရတာမဟုတ်ဟုလာစွပ်စွဲ​နေ​လေသည်။

**********

"ကော..ဘာလို့လဲ ဘာလို့အဲ့လိုပြောလိုက်တာလဲ"

စင်သီနဲ့တွေ့ပြီးပြန်အလာ ရိပေါ် ဟောက်ရွှမ်းကိုမေးလိုက်လေသည်။
သူဒီနေ့ကိစ္စအားလုံးကိုရှင်းလင်းအောင်လုပ်ရမယ်..

"ရိပေါ် ဒီကောင်ဘာပြောထားလို့လဲ ဟေ့ကောင်ဟောက်ရွှမ်း မင်းရိပေါ်ကိုဘာတွေပြောလိုက်တာလဲ"

ဘေးနားရှိနေသည့်ယွိပင်းကနားမလည်စွာမေးလိုက်ခြင်း။
ဟောက်ရွှမ်းမိဘတွေခရီးထွက်နေတာမို့ အိမ်တစ်အိမ်လုံးမှာအလုပ်သမားတွေနဲ့သူတို့သုံးယောက်သာရှိသည်။
ယွိပင်းကလည်းသူ့အိမ်မကပ် ဟောက်ရွှမ်းအိမ်မှာသာအနေများသည်။

A Little Boy's  DaddyOù les histoires vivent. Découvrez maintenant