အပိုင်း (၂၇)

1.5K 268 8
                                    

Kyung Soo မှန်ရှေ့မှာ မြင်နေရတဲ့ ပုံရိပ်ကို ခနခန ပြန်ကြည့်ရင်း သက်ပြင်းချနေမိတာ အခါတစ်ရာမက

သူ အဆင်ပြေမှာပါနော် Kim ရဲ့ မိဘတွေ နဲ့ ပထမဆုံး အကြိမ် သွားတွေ့ ရမှာတိုတော့ ရင်တွေ ခုန်နေတာလည်း တဒိုင်းဒိုင်း ပင်

Kim ရဲ့ မိဘတွေ လို့ ဆိုကတည်းက သေချာပေါက် Black Diamond Gang ပင် Kyung Soo ကို လက်ခံ နိုင်ပါ့ မလား ဆိုတဲ့ အတွေးတွေ ကြောင့်လည်း Kyung Soo မှာ စိုးရိမ်စိတ်တွေ များနေရသည်...

~ Hmmm Princess ! အခုထိ မှန်ရှေ့က မခွာသေးဘူးလား

Kim က ရေချိုး ခန်းထဲက ထွက်လာရင်း ပြောတော့ Kyung Soo အရင် အကြည့်လွှဲ လိုက် ရသည် Kim ရဲ့ ပြီးပြည့် စုံနေတဲ့ ပုံစံ ကြောင့် သူ့ပါး နှစ်ဖက်က အလိုလို ရဲတက် လာပြီး သား

~ ကျွန်တော် တအား စိတ်လှုပ် ရှားနေတာ

Kyung Soo ကခေါင်း ငုံ့ထားရင်း ပြောတော့ Kim က သူ့မေးဖျားလေးကို အသာ ဆွဲ မော့ကာ ခပ်ဖွဖွ နမ်းရင်း

~ ကိုယ်တစ်ယောက်လုံး ရှိတာကို ဘာမှ ပူစရာ မလိုဘူး

Kim အပြောကြောင့် Kyung Soo ပြုံးလိုက်သည်

~ ဟုတ်သားဘဲ ဟောဒီက Leader Kim တစ်ယောက် လုံးရှိနေတာ ဘဲ

~~~~~~~*****~~~~~

~ ကျွန်တော် အဆင်ပြေရဲ့လား

Kim ရဲ့ မိဘတွေ နဲ့ သွားတွေ့မှာမို့ ဝတ်ထားတဲ့ Suit ကိုသေသပ်အောင်ပြင်ရင်း Kyung Soo မေးလိုက်သည်

~ ကိုယ့် Princess က တအား ချောနေတာ ဘဲ စိတ်တောင် မချတော့ဘူး

Kim အပြောကြောင့် Kyung Soo ရယ်လိုက် သည်

~ သွားကြရအောင် Daddy တို့မျှော်နေလောက်ပြီ

Kim ကပြောရင်း Kyung Soo လက်ဖဝါး လေးကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်သည်

Kyung Soo ကတော့ Kim ကို အသာ မော့ကြည့်ရင်း သပြုံး လိုက်သည်

~~~~~~~~~******~~~~~~

Kyung Soo တို့ရောက်နေတဲ့ နေရာကနေ ၃ နာရီ ကျော်လောက် သွား အပြီး မှာတော့ နောက်ထပ် ခမ်းနား တဲ့ စံအိမ် ကြီးရှေ့ ရောက်လာသည် Kyung Soo ရင်တွေ တဒိန်းဒိန်း ခုန်နေတာ ပြောမနေ ပါနဲ့ Kyung Soo ရင်ခုန်သံတွေ မြန်နေလို့ ထင်ပါရဲ့ Kim က သူ့လက်ကို ဆုပ်ကိုင် ပေး ထား သည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now