အပိုင်း(၈)

8.3K 1K 159
                                    

Leader Kim ရဲ့ စကားကြောင့် Kyung Soo မှာ ခနသာမျှ ကြောင်သွားပေမယ့် မဂှိမယ့် ရှိမယ့် ဉာဏ်နီ ဉာဏ်ပြာ ဉာဏ်ဝါ အမျိုး စုံ ထုတ်သုံးရတော့သည်

ရပ်နေသည့် စက္ကန့်ပိုင်းလေး အတွင်း မျက်ရည်တွေ ကျလာအောင် အတင်း ညှစ်ထုတ် ရသည်မှာလည်း ခက်ခဲ လွန်းသည်

သူက Manly Boy မို့ တော်တန် ရုံ မျက်ရည် ကျသည် မဟုတ်

~ အဟင့်

မနည်း ကို မျက်ရည်စ များအား ညှစ်ထုတ် ပြီးလေတော့ ဝေ့တက်လာသည့် မျက်ရည်စ တွေ ကို ပုတ်ထုတ် ရင်း

~ တ တကယ်တော့လေ အဘွား အဘွား ကို လွမ်းလို့ ဖုန်းဆက် ချင်လို့ အဲဒါကြောင့် တိတ်တိတ်လေး ယူလိုက်တာ

Leader Kim ရဲ့ ဟစိ စိ ဖြစ်နေလေသော ရင်ဘတ် အား လက်ညိုး နဲ့ အသာ တို့ရင်း ဖြေလိုက်သည်

မျက်ရည်တွေ က လည်း ပြောနေရင်း စီးကျ လာလေသည်

တကယ်တော်တဲ့ Do Kyung Soo ဟုသာ ကိုယ့်ကိုယ် ကို တကယ်ကို ကောက်ချက် ချမိသည် အဘွားကို သေရွာ ကနေ ပြန်ခေါ် ရတာ တော့ စိတ်မကောင်း

~ အဲ အဲဒါကြောင့်ပါ

ရှိုက်သံ များ အကြား ကနေ ဗလုံး ဗထွေး နဲ့ ပြောလေတော့ သူသရုပ်ဆောင် တာ အောင် မြင်သည် ဟု ပြော ရမည်

Leader Kim သည် သူ့အား သနား သည့် အကြည့် များ နဲ့ ကြည့်ကာ သူ့ ပါးပြင်ပေါ် က မျက်ရည် စ တွေအား လက်ညိုး တစ်ချောင်း နဲ့ ခပ်ဖွဖွ လေး သုတ်ပေး နေလေ သည်

~ အင်းလေ ဟုတ်တာပေါ့ Kyung Soo လည်း အဘွား ကို လွမ်းနေရောပေါ့ကိုယ်က Chance ပေးတဲ့ အနေနဲ့ ကိုကိုယ်တိုင် ဖုန်းခေါ်ပေးမယ် နံပါတ်ပြော

Leader Kim ရဲ့ စကား ကြောင့် Kyung Soo ခေါင်း တည့်တည့် မိုးကြိုး ပစ်ချသည် အလား !!!!!မရှိသည့် အဘွား အား လုပ်ဇာတ်ခင်း ပြောခဲ့တာ အခု သူက ဘယ်သူ့ ဆီ ဆက်ပေးရမလဲ?? တစ်ချက် လွဲ သွားတာ နဲ့ ဒီနေရာ တင် အသက်ပျောက်မည့် ကိန်း

~ ပြောလေ Ph No

အေးစက်စက် လေသံ နဲ့ သူ့ အား စူးစိုက်ကြည့်ကာအကဲ ခတ်ရင်း ပြောသည့် ပုံစံ က သိပ်မယုံဘူး ဆိုတာ ကို ပြနေသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now