အပိုင်း(၂၃) Unicode +Zawgyi

4.5K 510 76
                                    

Kyung Soo တစ်ယောက် Black Diamond ဆိုတဲ့ Folder ကို ဖွင့်ရင်း အကြာကြီး ငေးနေ မိသည် ထို အဖွဲ့ ထဲ မှာ mission လုပ်နေတုန်း သိခဲ့ တဲ့ အကြောင်း အရာ တွေ နဲ့ အသတ် ခံရတဲ့ သူတွေ နောက်ကြောင်း ကို ပြန်ကြည့်ရင်း Kyung Soo စိတ်တွေ ရှုပ်ထွေး နေမိသည်..

အခု Black Diamond အဖွဲ့ရဲ့ လုပ်ကြံ မှု့တွေ ကို ခံရတဲ့ သူတွေ အကုန် လုံး က နောက်ကြောင်း မကောင်း သူတွေ ချည်း ပင် နောက်ကြောင်း မကောင်း တဲ့ နာမည်ကြီးတွေ ရဲဘက် ကနေ ဘယ်လို မှ မချုပ်ကိုင် နိုင်ခဲ့တဲ့ လူစုတွေ ကိုချည်း ရွေးပြီး ရှင်းခဲ့ တာ မဟုတ်လား

ဒီ နည်းလမ်းက ရုတ်တရက် တွေးရင် ဒီလူတွေ က မရှိသင့်ဘူး ဆိုတာ မှန်ပေမယ့် တရားဥပဒေ အရ ဆိုရင်တော့ အခုလိုလုပ်ရပ် မျိုးက လွဲမှားနေတာ အမှန်ပင်

~ Kyung Soo ahhh

အခန်းထဲကို ဝင်လာတဲ့ Baekhyun ခေါ်သံကြောင့် Kyung Soo အတွေးတွေ ထဲကနေ ရုန်းထွက်ရင်း လှည့်ကြည့် လိုက်သည်

Baekhyun မျက်နှာ ကို ကြည့်ကတည်း က Baekhyun လည်း စိတ်တွေရှုပ်ထွေးနေတာ အသိသာကြီးပင် Kyung Soo လိုဒီနေ့ ရုံးတောင် မလာနိုင် ဘူး မဟုတ်လား

~ အင်း

~ ငါတို့ ဒီ အကြောင်း ကို ဆက်ဖုံးကွယ်ထား လို့အဆင်ပြေပါ့မလား ရုံးချုပ်က သိရင် ငါတို့ ပြသနာ တက်မယ် ထင်တယ် ဒီအကြောင်း ကိုတွေးပြီး ငါ အိပ်ကို မပျော်ဘူး

Baekhyun အပြောကြောင့် Kyung Soo သက်ပြင်း ချလိုက် မိသည် သူတို့ ပုခုံးပေါ် ရောက်နေတဲ့ တာဝန်က လေးလံလွန်းလှ သည်ကိုး

~ ငါ လည်း သူတို့ကို မသင်္ကာ ဘူး ဒီကိုရောက်လာတာ အကြောင်း တစ်ခု ကတော့ သေချာပေါက်ရှိတယ် အရင် တခါ ကြားခဲ့ ရတဲ့ နောက်ဆုံး mission ဆိုတာလေ

~ အင်း ဝန်ကြီး ဆိုတာ

~ ဟုတ်တယ် အဲဒါကို ငါတို့ ရအောင် တားနိုင် မှ ဖြစ်မယ် အခု အခြေ အနေက အကုန်လုံးက ငါတို့ mission အောင်ပြီး black diamond က ကျသွား ပြီ လို့ဘဲ သိထား တာ ဆိုတော့ သူတို့ ID ကိုလည်း ငါတို့ ဖော်နိုင်မှ ဖြစ်မယ် ထင်တယ်

Kyung Soo ပြောရင်း Baekhyun ကိုကြည့်တော့ ၂ ယောက်သား အကြည့် ချင်း ဆုံးကာ ငြိမ်သက် သွားသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now