အပိုင်း (၁၉)

5.7K 986 138
                                    

~ Baek Hyun ??

Kyung Soo နှုတ်က တိုးတိုး လေး အသံ ထွက်လာပြီး Baekhyun အား အားနာသည့် အကြည့် များ နဲ့ ကြည့်လိုက်မိသည် အမူ အယာ ပျက်နေသည့် Kyung Soo ကို Luhan Hyung က စိတ်ထိန်း ရန် မျက်ရိပ် ပြသည်

Kyung Soo ရဲ့ တစ်ဦး တည်းသော Best Friend ကို Kyung Soo အဆုံးရှုံးမခံ နိုင် ပေ

~ သစ္စာဖောက်က သူဖြစ်နေတာ ကိုး

Leader Kim က သူ့ခါး ထဲက သေနတ် ကို ထုတ်ကာ Baek Hyun ရဲ့ နားထင် တစ်ဖက် မှာချိန်လိုက် သည်

သေနတ်နှစ်လက် ကြား က Baek Hyun ကို ကြည့်ပြီး Kyung Soo နှုတ်ခမ်းလေးတွေ တုန်ယင်လာရသည်

Kyung Soo ကသာ ကြောက်နေပေမယ့် တခြား သူတွေ ကတော့ ပွဲ တစ်ပွဲ ကိုကြည့်ရတော့မယ့် အတိုင်း သဘော ကျနေ ကျသည့် ပုံပင် Kyung Soo ဖြင့် မုန်းလိုက်တာ

စိတ်လိုက် မာန်ပါ လုပ်လို့ မရလို့သာပေါ့

မဟုတ်ရင် သူ တကယ်ကို တခြား သူတွေ က်ု သတ်ပစ် မိတော့မည်

တဆက်ဆက် တုန်ယင် လာသည့် နှုတ်ခမ်း ကို တင်း နေအောင် ကိုက် ထား ရင်း မျက်ရည် မကျ အောင် အားတင်း ထား ရသည်

~ သူ့က်ု တစ်ခါ တည်း ရှင်း ကြတာပေါ့ Hakkk

LeaderKim က သေနတ် မောင်း ကို ဆွဲ လိုက်တော့ KyungSoo ခြေထောက်တွေ ရှေ့ကို အလိုလို တိုးမိသည်

Luhan Hyung က သူ့လက် ကို ဆွဲ လိုက်တော့ Kyung Soo အသာ ရုန်း မိသည်

~ Do u wanna kill him??

Leader Kim က သူ့လက် ထဲက သေနတ်ကို Park Chan Yeol လက်ထဲ ထည့်ပေး လိုက်တော့ Kyung Soo မျက်လုံးပြူး မိသွားသည်

Chan Yeol ဆိုရင် မသတ်လောက် ဘူး မလား ??

Kyung Soo စိတ်ထဲ ကနေ တွေး မိသည်

Baekhyun မျက်နှာ ကိုကြည့်မိတော့လည်း အခု လုပ်
ပ် ကို နောင် တရသည့် ပုံလည်း မပေါ်ကြောက်နေသည့် ပုံလည်း မပေါ် ပါဘဲ မျက်နှာထား က မာထန်နေသည်

~ Yap I will

Leader Kim လက်ထဲက သေနတ် ကို Chan Yeolက ပြောင်း ယူ ပြီး ထိုင်နေရာ ကနေ ထလိုက် သည်

သေနတ်ကို လက်ညိုး နဲ့ လှည့်ပတ် ကစား နေသည့် Chan Yeol ကို Kyung Soo တို့ စိတ်လှုပ်ရှား စွာကြည့် မိသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now