အပိုင်း(၁)

18.9K 1.1K 48
                                    

တ တီ တီ နဲ့ မြည်နေတဲ့ ဖုန်းသံကို လစ်လျု ရှု့ရင်း Kyung Soo သူ့ ခေါင်းအုံးနဲ့ ဖိထား လိုက်သည် ညကလည်း သူ မနက် ၅ နာရီ ထိုးခါနီးမှ အိပ်ရတာ မဟုတ်လား ၅လောင်းပြိုင် လူသတ်မှု့ကြောင့် သူ မအိပ်ရတာကိုက ၁၀ ရက်လောက် ရှိနေပြီ

တီ တီ တီ

သီးသန့် ဖုန်းခေါ်တဲ့ စက်လေးက မြည်လာတဲ့ အချိန်မှာတော့ Kyung Soo ငေါက်ခနဲ့ ထထိုင်လိုက်သည် ဒီလောက် ခေါ်နေမှတော့ သူတို့ SM Spy အဖွဲ့ အစည်း ကပင်

ထိုသို့ခေါ်နေသည် ဆိုပါ က အရေးကြီး ကိစ္စရှိလို့ပင်

ထွေထွေ ထူးထူး လုပ်မနေတော့ဘဲ အမြန်ထကာ ရေချိုး လိုက်သည် ပြီးတော့ ရှပ် တစ်ထည် ဝတ်ကာ

တန်းပေါ်တင်ထားတဲ့ ကုတ်ကို ကောက်ဆွဲကာ  ထပ်ဝတ်လိုက်သည် တိုင်မှာ ချိတ်ထားသည့် သူ့ ဦးထုပ် အနက်ကို ဆောင်းကာ အံဆွဲ ထဲက သူ့သေနတ်အား ဘောင်းဘီ အိတ်ထဲထိုး ထည့်ပြီး သူ့ ပြိုင်ကားလေး မောင်းရင်း ရုံးချုပ်ဆီ ဉီးတည်လိုက်သည်

ရုံးချုပ် ရောက်ရောက်ချင်း သူမြင်ရသမျှ တစ်ယောက် တစ်လေ မှ မျက်နှာ မကောင်းတာကြောင့် သူ မေးမနေတော့ဘဲ Meeting Room ထဲအရင်သွားလိုက်သည်

ကျွန်တော် ရောက်ပါပြီ

သူ အသံပေးရင်း ဝင်ခဲ့တော့ သူတို့ ခေါင်းဆောင် Suho Hyung က သူ့ကို တစ်ချက်ကြည့်ရင်း ထလာကာ

Black Diamond ကို ပို့ထား တဲ့ သူ ၃ ယောက်လုံး mission ကျသွားပြီ့

သူတို့  အဖွဲ့ ဖြစ် ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ Suho Hyung က ပြောလေတော့ သူ ငြိမ်ကျသွားသည်

~ ဗျာ ဘယ်လိုလုပ်..ဒါဆို သူ သူ Baek Hyun ရော

Kyung Soo သူ အရင်ဆုံး သူ့သူငယ်ချင်းကို မေးလိုက်သည် Baek Hyun ဆိုတာ သူ့ရဲ့ ညီအကို ရင်းနဲ့ မခြား ချစ်ရတဲ့ သူပင်

~ အခုလေးတင် သု့ဆီက အဆက်အသွယ် ရတာ....လုံခြုံရေး တအား ကျပ်လို့ သူ ဆက်သွယ်ဖို့ တောင် ခက်နေပြီတဲ့

~ ဒါဆိုရင်??

~ အင်း ငါတို့ ပြောချင်တာလည်း အဲဒါဘဲ အဲ့မှာ လူအင်အား ဖြည့်ဖို့ အတွက် လိုအပ်လာပြီ အဲဒါ မင်းသွားပေးနိုင်မလား

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now