အပိုင်း(၁၈)

5.4K 975 114
                                    

~ ကိုယ်တို့ သွားနား ကြစို့ Princess

Leader Kim က ထိုသို့ ပြောရင်း Kyung Soo ခါး လေး ကို ထိန်းဖက်ကာ ခေါ်ခဲ့ သည်ကြောင့် Kyung Soo အလိုက်သင့် ပါသွား သည်

လမ်းလျောက်လာတဲ့ လျောက်လမ်း တစ်ယောက် မြင်မြင်သမျှ တွေက Kyung Soo အတွက် အထူး အဆန်းတွေ ချည်း

အမျိုး သမီး ငယ်လေးတွေ ဟာ သေနတ် ပစ် ကျင့်နေကြပြီးတွေ့ သမျှ လူတိုင်း ဟာလည်း သေနတ် ကိုယ်စီ စောင်ထား ကြသည်

ခပ်လှမ်းလှမ်း မှာ

သေနတ် ထုတ် တဲ့ စက်ရုံ ကြီးကို တွေ့ချိန်မှာတော့ Kyung Soo မျက်လုံး ပြူး ကာ အံ့သြ သွားသည်

ဒီနေရာမှာ စက်ရုံ ဆောက်ထား သည်လား

~ ကိုယ်တို့ကို လက်နတ် ထောက်ပံ့တာ ဒီကလေ

Leader Kim စကားကြာင့် Kyung Soo နှုတ်ခမ်းလေး လှစ်ခနဲ့ ပြုံး မိသွား သည်

' ကျွန်တော် တို့ကို ဒီနေရာ ခေါ်လာတာ ခင်ဗျား မှားသွား ပြီ ထင်တယ် Leader Kim '

Kyung Soo ပြောရင်း စိတ်ထဲ ကနေ တွေးမိသည် ဒါပေမယ့် သူ့ ဝဲဘက် နှလုံး သား ကတော့အောင့်သွားတယ် ဆိုတာ သူဝန်ခံရမည်

သေနတ် စက်ရုံ ဒီမှာရှိနေမှတော့ Kyung Soo တို့လိုအပ်တာတွေ အားလုံး ဒီနေရာ ကနေ ရနိုင်သည် kyung Soo တို့ ခိုးနိုင် ဖို့ဘဲ လိုတာပင်

လမ်းကို သေချာ မျက်စိ မလည်အောင် မှတ်ထား ရင်း Leader Kim ဘေးကနေ အသာလေး လိုက်လာခဲ့ သည်

သေချာပါတယ် အခုလောက်ဆိုရင် Luhan Hyung နဲ့ Baekhyun လည်း ဒီ စက်ရုံ အကြောင်း သိပြီးလောက်ပြီး ဘယ်လို ခိုးထုတ် ကြမယ် ဆိုတာ တွေးနေ လောက်ပြီ

~ ဒါက ကိုယ်တို့နေရမယ့် နေရာ

Leader Kim ထိုးပြရာ နေရာ ကိုကြည့်လိုက်တော့ ဘန်ဂလိုလေး တွေ ဆောက်ထား သည့် လှပတဲ့ နေရာလေး

~ ကိုယ်နဲ့ Princessက ထောင့်ဆုံး အခန်းမှာ နေပြီး လှပတဲ့ ညလေး ဖန်တီးကြတာပေါ့

Leader Kim စကားကြောင့် Kyung Soo ရင်ထဲ အေး ခနဲ့ပင်

တကယ်ပါ ဒီလူ နဲ့ ပတ်သတ် လာရင် Kyung Soo စိတ် တွေ တစ်ခါတစ်လေ ကမောက် ကမ ဖြစ်ကုန် တာ ကိုတော့ Kyung Soo ခနခန တွေးမိသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now