အပိုင်း (၃)

7.9K 1K 75
                                    

အခန်းထဲ ဝင်ဝင်ချင်း ခေါင်းငုံ့ပြီး လျောက်လာ တာ ပေမယ့် လျင်သည့် သူ့ မျက်လုံး အစုံက အခန်းဝ မှာထောင်ထား သည့် အရုပ် ကိုမြင်လေတော့ ခြေလှမ်းတွေ တန့်သွားလေရဲ့

အသာလေး စောင့်ကြည့်မိတော့ အံ့သြ မှု့တွေ အပြည့်

ဒီ အရုပ် ဒီ အရုပ်က ဟိုတလောက သူလိုက်ခဲ့သည် ၅ လောင်းပြိုင် လူသတ်မှု့ရဲ့ ကွင်းဆက် အဖြစ် ပျောက်နေသည့် အရုပ်

အရုပ်ရဲ့ မျက်လုံး အစုံက အာဖရိက က လာသည့် စိန် တစ်မျိုး ကို မြှုပ်ထား တာကြောင့် လေလံ ပွဲ မှာ တောင် ဈေးတွေ တအား မြင့်ပြီး ပြသနာ တက်ခဲ့ ကြသေးတာ

~ လာလေ ဘာလုပ်နေတာလဲ?

အေးစက်စက် အသံ နဲ့ အတူ လက်ကို အဆွဲ ခံလိုက် ရတာကြောင့် ခြေလှမ်း တွေ က ရပ်မနေတော့ဘဲ ခေါင်းငုံ့ကာ ဆက်သွားနေမိသည်

တစ်လှမ်း နှစ်လှမ်း သုံးလှမ်း လေးလှမ်း ငါးလှမ်း

မြောက်မှာတော့ သူ့ ခြေလှမ်းတွေ ရပ်သွား သလို သူ့ဘေး နားက ခပ်ချောချာ အရပ် မြင့်မြင့် ကောင်လေး လည်း ရပ်သွား လေသည်

~ သူရောက်လာပြီ Kai

လေးစားပြီး ကြောက်တဲ့ အသံ မျိုး မဟုတ်ဘဲ ဘောက်ဆတ်ဆတ် ပြောလိုက်သည့် အသံကြောင့် သူ နားကို အသာ စွင့်ထား မိသည်

သူတို့ သိထား တဲ့ Black Diamond အဖွဲ့ ရဲ့ Mafia Leader Kim ဆိုတဲ့ သူ နာမည် က Kai လား ???

နာမည် အရင်းကို ခေါ်ရဲသည့် ကောင်လေး ကလည်း ဒီ အဖွဲ့ မှာ နယ်နယ် ရရ သူတစ်ယောက် တော့ မဟုတ်နိုင်

~ သူ့ နာမည် တဲ့ Kyung Soo တဲ့ နောက်ကြောင်း ကတေ့ Clear ဖြစ်တယ် မင်း အကြိုက် ပုံစံလေး မို့လို့ ငါခေါ်လာတာ မင်း အတွက် Present နော် ဟက်

ထိုသို့ ပြောကာ နှစ်ယောက် သားရယ်သံ ကြားလေတော့ Kyung Soo ကိုယ်လေး ကျုံ့သွား ရသည်

~ သူ့ အဖေ နဲ့ နေတာ အရင်နှစ်က အခုတော့ သူ့ အဖေလည်းမရှိတော့ဘူး ဆိုဘဲ စားရေး နေရေး အဆင်မပြေလို့ အလုပ် လာလျောက်တာ တွေ့လို့ ခေါ်လာပေးတာ

ဒါဆို သူ interview မှာတွေ့ခဲ့ သည့် တစ်ယောက် က ဒီကောင်လေး ကိုးးး

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now