အပိုင်း(၆)

7.7K 1K 78
                                    

~ ပြောကြည့်လေ ဘာလုပ်မယ် ထင်လို့လဲ

ထို Mafia Leader ရဲ့ အပြောကြောင့် အလန့် တကြား ဖြစ်လာကာ မျက်လုံးတွေတောင် ပြူးကျယ်သွားသည့် သူက
ထူးဆန်းလေသလား

လူက လန့်ပြီး တုန်သွားကာ အိပ်ရာခင်း အား လက်တွေ နဲ့ အတင်း အကျပ် ကို စုပ်ကိုင် ထားမိသည်

ထိုသို့ သူ ဖြစ်နေတာ ကို သဘော တကျ ကြီး ပြံးကာ ကြည့်နေသူကြောင့် လူက တော်တော်အနေရခက်နေသည်

~~~~~~~******~~~~~~~

အောက်မှာ သူ့အား အကြောက် အကန် ဖြစ်နေသည့် ကောင်လေး အား Kai ကြည်ရင်း အပြုံးကြီး ပြုံးမိသွားသည်

ခေါင်းကိုအောက်ငုံ့လာလေလေလန့်ပြီး မျက်လုံးကြီး မှိတ်ကာ ပါးစပ် ကို ခပ်တင်းတင်း စေ့ထား ပုံက တကယ် ကို ရယ်ချင်စရာ

အတင်းစေ့ထား သည့် နှုတ်ခမ်းလေး ကို ဖိကပ်စွာ နမ်းလေတော့ အောက်က သူက ရုန်းကာ ယိုင်ထိုးနေလေသည်

ဒီ ခပ်ပါးပါး အနမ်းလေးလောက်တောင် ကမ္ဘာတွေ ပျက်နေလေသော အောက်က လူသား ဟာ ကျောက်ခေတ် က လူသားပေလား!!

ဖယ်နော်

ခပ်တိုးတိုး ထွက်လာသည့် လေသံကြောင့် သူရယ်ကာ ခုတင်ပေါ် အိပ်နေသည့် ကိုယ်လေး အား အောက်ကနေ လက်လျိုကာ ဆွဲထူ လိုက် သည် ခါးကို ဖက်ထား ရင်း သန်မာတဲ့ လက်အစုံ က ဆွဲကာ ထူလေတော့ ပါလာလေတာ အလိုက်သင့်

ထို လောက်လေး လုပ်တာကိုပင် နဂို ဝိုင်းစက်နေသည့် မျက်ဝန်း များ က ပြူးကျယ် ကာ ဖြစ်ပျက်နေတာက ရယ်စရာရော ချစ်စရာ ကောင်းလွန်းတာကြောင့် သူ ထိုကျောက်ခေတ် လူသား အား သူ့ပေါင်ပေါ် ထိ ဆွဲတင်ကာ ထိုင်စေလိုက်သည်

~ ဘာ ဘာ လုပ်တာလဲ

ထိုမေးခွန်းကိုပင် အူကြောင်ကြောင်နဲ့ မေးနေတာ ဒါနဲ့ ဆို ရင် ၃ခါမြောက်

~ သိချင်ရင် ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်နေ

သူပြောလေတော့ ငြိမ်ကျ သွားလေသည် သူလည်း ဟက်ခနဲ့ ရယ်ကာ ကြမ်းရှရှ အနမ်းတွေ ပေးလိုက်တော့ သူ့ လည်တိုင်အား တွယ်ဖက်လာလေတော့ တစ်ယောက်ကြောင့် သူ တကယ်ကြီး ပြုံးမိသွားသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now