အပိုင်း (၂၆)

1.7K 318 67
                                    

~ Hola My Princess ..

Kim ကို မြင်လိုက် ရတဲ့ အချိန် Kyung Soo ရင်ထဲ တင်းကျပ် နေတဲ့ အရာ အားလုံး လျော့ကျ သွား ကာ ဒူးတွေ တောင် မခံ နိုင် ဖြစ် ပြီး အောက်ကို လဲ ကျ လုနီးပါ းပင်

တစ်လှမ်းစီ လျောက် လာတဲ့ Kim က သူ့ကို မြင်လေတော့ ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ ယိုင်လုနီးပါး ဖြစ်နေတဲ့ Kyung Soo ကို ထိန်းပွေ့ ရင်း

~ Princess !!! Are u Okay ?

Kim ရဲ့ စိတ်ပူ နေတဲ့ အသံ ကြောင့် Kyung Soo စိတ်ထဲ ဘာကို ဝမ်းနည်း လို့ ဝမ်းနည်း မှန်း မသိဘဲ ကျလု ဆဲဆဲ ဖြစ်နေတဲ့ မျင်ရည် တွေ ကို ထိန်းချုပ်ရင်း

~ ဘယ်ရောက်နေတာ လဲ ? ဘယ်လောက် စိတ်ပူနေရတယ် ထင်လဲ သိလား အရူး လိုဘဲ ခင်ဗျား ကို လိုက်ရှာရင်း ကျွန်တော် ရူး ရတော့မယ် ! ဘာလို့ ဘာလို့ အချိန် အကြာကြီး ကျွန်တော့် ကို မဆက်သွယ်ဘဲ နေနေ တာလဲ ! ဘယ်လောက် တောင် ကျွန်တော် ရှာနေ ရပြီး စိတ်ပူ နေရတယ် ဆိုတာ ခင်ဗျား မသိ

မျက်ရည်တွေနဲ့ အတူ Kim ရဲ့ ရင်ဘတ် ကို ထုရိုက် ရင်း ပြောနေတဲ့ Kyung Soo ကို Leader Kim တစ်ယောက် ကြည့်ကောင်းကောင်း နဲ့ ကြည့်နေရာ ကနေ လူတွေ ဝိုင်းကြည့် နေတာ ကို သတိ ထားမိတော့ အမြန်ပင် Kyung Soo လက်တွေ ကို ချုပ်ကာ ခါးကို ဆွဲ ဖက်ရင်း တင်းတင်း ကျပ်ကျပ်ပွေ့ဖက် လိုက်သည်

~ ကျွန်တော် တအား ကို စိတ်ပူနေတာ ခင်ဗျား များ တစ်ခုခု ဖြစ်သွားရင် ဆိုပြီး

Kim ပုခုံးပေါ်  စိုစိစိ အထိ အတွေ့ကြောင့် ဒီကောင်လေး ငိုနေတာ ကို သိတော့ Kim တစ်ယောက် Kyung Soo ကိုယ်လေး ကို အသာ  ဆွဲကာ

~ ကိုယ့်ကို တအား စိတ်ပူ နေတာဘဲ Princess ကကြည့်ပါဦး

Kim တစ်ယောက် သူ့ မူပိုင် အပြုံးလေး နဲ့ ပြောရင်း Kyung Soo လက်တွေ ကို ခပ်တင်းတင်း လေး ဆုပ်ကိုင် လိုက်သည်

~Baek ! Badkhyun ရော?

ငိုလို့ ဝကာမှ Bakehyun ရော ဆိုပြီး တအံ့ တဩမေးနေတဲ့ Kyung Soo ကြောင့် Kim ကဟက်ခနဲ့ ရယ်လိုက်ရင်း

~ အခုလောက် ဆိုရင် တော်တော်ရောက်နေလောက် ရော ပေါ့

~~~~~~~~~******~~~~.~~~

Mafia Leader Kim ( Uni+Zaw)Tahanan ng mga kuwento. Tumuklas ngayon