အပိုင်း (၄)

7.8K 1K 91
                                    

Kyung Soo ဆိုနဲ့ ကောင်လေး အခန်းထဲက ထွက်သွားလေတော့ Kai နှုတ်ခမ်းလေး ကော့နေအောင် ပြုံးလိုက်သည်

ထိုကောင်လေးရဲ့ နှုတ်ခမ်း အစုံ သည် တကယ် ကို နွေးထွေး မှု့ ရှိပြီး သူ့အား နမ်းလေ မဝလေ ဖြစ်စေသည်

ရယ်တော့ ရယ်ရသား

သူဆိုတဲ့  Kim ပထမဆုံး အကြိမ် ကောင်လေးရဲ့ နှုတ်ခမ်း ကိုစွဲ လန်းမိသွားလေခြင်း

အမှန်တိုင်း ပြောရရင် ဒီနေရာ မှာ ကိုယ့် အတွဲ နဲ့ ကိုယ် မို့ သူ ပျင်းနေတာ ကြာပြီ အခုတော့ ထို တစ်ယောက် ဟာ သူ့ဆီ ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာလေခြင်း

ရောက်မယ့် ရောက်လာတော့လည်း လုံးဝ ကို ချစ်စရာ ကောင်းတဲ့ သူ့ စတိုင်လေး

လုံးဝ ကို သူ အကြွေကြီး ကြွေကာ သဘော ကျသည်မို့ မကြာခင် သူ ကစား စရာ အရုပ်လေး တစ်ရုပ် ရသည်ဟု သတ်မှတ်ထား လိုက်သည်

~~~~~~~~~~*******~~~~~~~~
Kyung Soo အခန်းထဲက ထွက်လာတော့ သူ့ကို နေရာ ပေးထားတဲ့ သူ့ အခန်းဆီ ပြန်ခဲ့သည် နေရာ လွတ်မကျန်လေအောင် တပ်ထား တဲ့ CCTV တွေကြောင့် တကယ်ကို ဘယ်သူမှ လှုပ်လို့ ရမည် မဟုတ်

သူတို့ အဖွဲ့က သူတွေ အသတ် ခံရတယ် ဆိုတာလည်း ထို အရာတွေ ကြောင့် ပင် ဖြစ်ရမည်

အခန်းတံခါး ကို ဖွင့်ကာ အခန်းထဲ အသာ ဝင်လိုက် သည် သူ့ အခန်းထဲမှာရောများ ကင်မရာ တပ်ထား လေမလား ဆိုပြီး ရှာ ကည့်လေတော့ လုံးဝ မရှိ

အဲ့တော့မှ Kyung Soo ဟင်း ခနဲ့ သက်ပြင်း ချကာ အိပ်ရာ ထပ် လှဲ ချလိုက် သည်

ပူနွေးနွေး နှုတ်ခမ်း အစုံက အခုထိ သူ့ကိုစိတ်လှုပ်ရှားမှု့ ပေးနေတာ ကြောင့် သူ့ စိတ်တွေ ယောပ်ယက် ခတ်နေသည် မဟုတ်လား

ပထမဆုံး ခံစား ဖူးတဲ့ ကြုံဖူး တဲ့ အနမ်း ဆိုတာကြီး ကို အခုလို Mafia Leader တစ်ယောက်နဲ့ ဆိုတာ ဘယ်တုန်းကမှ တွေးခဲ့ ဘူးတာ မဟုတ်

တကယ်ကို ပါရယ်လေ

Kyung Soo ဆူပုတ်ပုတ် တွေးကာ အိပ်ရာပေါ် လှိမ့်နေလိုက်သည်

စိတ်ပျက်တယ်

အနမ်းဆိုတာ ကြီးကို သူနဲ့ မဆိုင်ဘဲ ရင်ခုန်နေလို့လည်း သူ့ကိုသူ စိတ်ပျက်တယ်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now