Final Part

2.2K 296 21
                                    

Kyung Soo နိုးလာတော့ သူ့ဘေးမှာ Kim လည်း မရှိပေ အင်း သူခနလေး ဘဲ အိပ်ပျော်သွားတာကို Kim က ဘယ်ရောက်နေပါလိမ့်....

အိပ်ရာပေါ်ကနေ ထကာ ပွနေတဲ့ ဆံပင်တွေ ကို သပ်ရင်း ဝတ်ထားတဲ့ ညဝတ် နဲ့ ပင် အောက်ထပ် ကို ဆင်းလာ ခဲ့သည် Mommy ! Daddy ! Kim အိမ်ကို ရောက်တာ ၃ ရက်ကြာပြီ မို့ Kim ရဲ့ Daddy တို့ Mommy တို့ နဲ့လည်း တော်တော်ကြီးရင်းနှီးနေလေ ပြီ ...............

Kyung Soo ကသာခေါ်နေပေမယ့်ပြန်ဖြေတဲ့ အသံ မပြောနဲ့ အရိပ် အယောင် လေးတောင် မမြင်ရတာ မို့ Kyung Soo ခြံ ဘက် ထွက်ခဲ့ သည် ညနေစောင်းလေး ဖြစ်တာကြောင့် နေဝင်ချိန် က တအား ကိုလှပနေသည် မဟုတ်ပါလား ဒါနဲ့ တစ်အိမ်လုံးရော ဘယ်ရောက် နေကြပါလိမ့်

Kyung Soo တွေးရင်း အနောက်ဘက် ပန်းခြံ ရှိရာနေရာဆီ လှမ်းလာ ခဲ့ သည်  ပန်းခြံ နဲ့ နီးလာလေလေ Piano သံ ခပ်သဲ့သဲ့ ကြားလာလေလေ မို့ Kyung Soo  ခြေလှမ်းတွေ မြန်ရင်း လျောက်လာခဲ့ သည်

~ Kim !!!!

ဟုတ်ပါရဲ့ Kim က Piano ကို တီးနေ တာ ပင် Daddy တို့ Mommy တို့ရော Baekhyun ရော က Kim အနား မှာ အကုန်လုံး ရပ်နေ ကြသည် အကုန်လုံးက Suit တွေနဲ့ မိမိုက်နေကြပြီး Kyung Soo တစ်ယောက်တည်း ပေါ့ပေါ့ ပါးပါး ဝတ်ထားသည့် ညဝတ်ကြီး နဲ့ ဖြစ်နေ သည် မဟုတ် ပါလား

Kim ကသူ့ကို မြင်တော့ ပါးချိုင့်တုလေးတွေ ပေါ်တဲ့ အထိ ပြူံးပြ သည် ဒီ အပြူံးကြောင့် Kyung Soo မှာ မူးမေ့ ချင်သွား သလိုလိုပင် နေဝင်ဆည်းဆာရယ် Piano သံရယ် ပြီးပြည့်စုံနေတဲ့ Kim ရယ်ကြောင့် Kyung Soo မှာ ငေးမော နေမိသည် Piano ကို လှလှ ပပ အဆုံး သတ်တော့ အကုန်လုံး လက်ခုပ်သံတွေ ညံသွားသည် အင်း Piano တီးနေတာတောင် Kyung Soဝ ကို မနှိုးတာမို​့သူတကယ် ရန်တွေ့ ချင်မိသည်

နေပါဦး Mafia Leader က ဒီလို နူးညံ့ တာလေးတွေ လည်း တတ်တယ်လား !!!!!

Kim က ပြုံးရင်းသူ့ဆီ ကို တစ်လှမ်းခြင်း လျောက်လာလေသည် အနားမှာရှိနေတဲ့ Kim မိဘတွေ ရော Baekhyun , Sehun , ChanYeol တို့ဆီကနေ ချောင်းဟန့် သံ ခပ်သဲ့သဲ့ ကြား နေ ရသည်

~ Marry Me !! Princess

Kim က သူ့ရှေ့ရောက်တာ နဲ့ ပြုံးကာ ရုတ်တရက် ဒူးထောက်လိုက်ရင်းပြောလိုက်တဲ့ စကားကြောင့် Kyung Soo မျက်လုံးလေးတွေ ဝိုငိး သွားလေ ရဲ့

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now